အောက်တိုဘာလထဲမိတ်ဆက်သွားဖို့ ရှိပါတယ်

L0vetodream နာမည်နဲ့ iPhone leaker တစ်ယောက်ကတော့ iPhone 12 စီးရီးရဲ့ နာမည်သစ်ကို ချပြလိုက်ပါတယ်။

Twitter ပေါ်မှာ တင်ခဲ့တဲ့ သူ့ရဲ့ tweet အရ iPhone 12 မော်ဒယ် ၄ မျိုးဟာ iPhone 12 mini ၊ iPhone 12 ၊ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ကို မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ iPhone 12 mini ဟာ ၅.၄ လက်မအရွယ်အစား entry-level အကျဆုံးဖုန်းကို ပြောတာ ဖြစ်ပါတယ်။



Photo: notebookcheck

၆.၁ လက်မ မော်ဒယ်နှစ်လုံးကို iPhone 12 ၊ iPhone 12 Pro တွေလို့ နာမည်ပေးသွားမှာ ဖြစ်ပြီး screen size အကြီးဆုံးနဲ့ အမြင့်ဆုံးမော်ဒယ်ဟာ iPhone 12 Pro Max ဖြစ်မယ်လို့ ဆိုပါတယ်။iPhone 12 mini ဟာ mini နာမည်တပ် ပထမဆုံး iPhone ဖြစ်ဖို့ ရှိပြီး လက်ရှိမှာ mini နာမည်နဲ့ iPad mini ၊ Mac mini နဲ့ iPod mini တို့ ထွက်ထားတာပါ။

ဒီနှစ်ထဲ ထွက်လာမယ့် iPhone မော်ဒယ်သစ် ၄ မျိုးစလုံးဟာ OLED display နဲ့ လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဖုန်းမော်ဒယ် ၄ မျိုးစလုံးဟာ နောက်ဆုံးပေါ် Apple A14 Bionic chipset သုံးသွားပြီး 5G cellular ကွန်ရက် ပံ့ပိုးသွားဖို့လည်း ရှိပါတယ်။ iPhone 12 lineup မှာ ပထမဆုံးအကြိမ်အဖြစ် earbuds ဒါမှမဟုတ် charger ထည့်သွားဖို့ မရှိဘူးလို့လည်း သတင်းတွေ ထွက်ထားပါတယ်။

ပုံမှန်အားဖြင့် iPhone သစ်တွေကို စက်တင်ဘာလထဲမှာ မိတ်ဆက်မြဲဖြစ်ပေမယ့် ဒီတစ်ခေါက် iPhone 12 ကိုတော့ အောက်တိုဘာလထဲ မိတ်ဆက်သွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က