ဈေးသင့်တဲ့ ဖုန်းတစ်မျိုးပါ

စမတ်ကျတဲ့ ဒီဇိုင်း ၊ အကြီးစားဘက်ထရီပါဝါနဲ့Vivo Y91 ကို မြန်မာငွေ ၂၈၉၀၀၀ ကျပ်ဈေးနဲ့ယခုနှစ်သစ်ကစပြီး ဈေးကွက်မှာ ဝယ်ယူနိုင်တော့မယ်လို့သိရပါတယ်။

         ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံးရဲ့ အဓိပ္ပါယ်ဟာ ဆက်သွယ်ဖို့နဲ့အင်တာနက် သုံးဖို့လောက်တင်မဟုတ်တော့ဘဲ ဖက်ရှင်ပစ္စည်းတစ်ခုဆီကိုပါ ဦးတည်လာနေပြီ ဖြစ်ပါတယ်။ Vivo Y91 ဟာ ဖက်ရှင်ကျတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် ပွဲထုတ်လာတာ ဖြစ်ပြီး Vivo Y series တွေရဲ့ စံအတိုင်း တန်ဖိုးသင့်ပြီး အရည်အသွေးမီ စမတ်ဖုန်းတစ်လုံးအဖြစ်ပါ ကြေငြာခဲ့တာပါ။

         ဒီဇိုင်းအရ ဒီဖုန်းဟာ Vivo V11i နဲ့အတော်လေးဆင်ပြီး display မှာ ကင်မရာတစ်နေရာပဲ ကွက်ချန်ထားတဲ့ Halo FullView ဒီဇိုင်းနဲ့လာပါတယ်။ တောက်ပသားနားတဲ့ သတ္ထုစပ်ကိုယ်ထည်နဲ့အတူ မျက်နှာပြင် ၆.၂၂ လက်မ HD+ရုပ်ထွက်ပါရှိလို့မျက်နှာပြင်အကြီးစား ဖုန်းကိုင်ချင်သူတွေအတွက် ရွေးချယ်စရာပါ။

         performance အနေနဲ့2.0GHz Octa-core Qualcomm Snapdragon 439 SoC ကို RAM 3GB/32GB storage အတွဲကြောင့် မညံ့ဘူးလို့ပြောနိုင်ပါတယ်။ storage အတွက် microSD card ကနေ 256GB အထိ ထပ်တိုးလို့ရတာကတော့ ထပ်ဆောင်း အပိုဆုလို့ပြောရမှာပါ။

         ဒီဘက်ခေတ်မှာ mid-range ဖုန်းတိုင်းလိုလို dual cameras တွေ သုံးလာကြပြီ ဖြစ်ပါတယ်။ Vivo Y91 မှာလည်း ကျောဘက်မှာ LED flash နဲ့အတူ 13MP+2MP ကင်မရာနှစ်လုံးတွဲ သုံးထားပြီး fingerprint ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ထားတာ တွေ့ရပါတယ်။

         ရှေ့ဘက်ဆယ်လ်ဖီကင်မရာကေတာ့ 8MP ကင်မရာ ဖြစ်ပြီး Face Unlock ပါ သုံးနိုင်မယ့် ဖုန်း ဖြစ်ပါတယ်။ Vivo Y91 မှာ အားရစရာတစ်ခုက ဘက်ထရီပါဝါကို 4030 mAh အထိ သုံးထားတာ ဖြစ်ပါတယ်။ OS စနစ်မှာလည်း Vivo FunTouch OS 4.5 ပါဝင်တဲ့ Android 8.1 Oreo ကို သုံးသွားပါတယ်။


Photo: Vivo

         ရောင်ပြေးကာလာသစ်တွေ ဖြစ်တဲ့ Starry Black နဲ့Ocean Blue ကာလာဆန်း နှစ်ရောင်နဲ့လာတဲ့ Vivo Y91 ကို နှစ်သစ်ကူးကာလက စပြီး ဈေးကွက်မှာ၂၈၉၀၀၀ ကျပ်ဈေးနဲ့ဝယ်ယူနိုင်မှာပါ။ ပထမဆုံး ဝယ်ယူသူများအတွက် စိတ်ဝင်စားစရာ လက်ဆောင်လေးတွေ ပေးမယ့် အစီအစဉ်လည်း ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က