"တီထွင်ဆန်းသစ်မှုသက်သက်အားဖြင့်" ဆိုတဲ့ tag line ဟာ ၂၀၁၉ iPhone မော်ဒယ်တွေအပေါ် ပိုပြီး မျှော်လင့်ချင်စရာ ဖြစ်ခဲ့ပါတယ်။
Apple ဟာ လာမယ့် စက်တင်ဘာ ၁၀ ရက်နေ့ ကယ်လီဖိုးနီးယားပြည်နယ် ၊ ကူပါတီနိုမှာရှိတဲ့ Apple Park ထဲက Steve Jobs Theater မှာ iPhone သစ်တွေကို ဦးစားပေး မိတ်ဆက်ပြသသွားမယ့် ပွဲတစ်ပွဲ ပြုလုပ်သွားမယ်လို့မီဒီယာတွေကို ဖိတ်စာပေးပို့လိုက်ပါတယ်။
Photo: macrumors
iPhone သစ် ၃ မျိုး မိတ်ဆက်မယ်လို့ယူဆထားတဲ့ ဒီပွဲမှာ Apple ဟာ ၅.၈ လက်မ နဲ့၆.၅ လက်မ OLED မော်ဒယ်နှစ်မျိုးနဲ့LCD display သုံးထားတဲ့ ၆.၁ လက်မမော်ဒယ်တစ်မျိုး ကို မြင်ရဖို့လည်း ရှိပြီး ဖုန်း ၃ မျိုးစလုံးမှာ ကင်မရာအရည်အသွေး မြှင့်ထားဖို့ရှိပါတယ်။ MacRumors သတင်းကတော့ OLED မော်ဒယ်နှစ်ခုဟာ ကျောဘက်မှာ စတုရန်းကွက်ပုံစံနဲ့triple-lens ကင်မရာစနစ်ကို သုံးသွားမယ်လို့ဖော်ပြထားပါတယ်။
ဒီသုံးလုံးတွဲ ကင်မရာစနစ်မှာ tele lens တစ်ခု ၊ wide-angle lens တစ်ခုနဲ့super wide-angle lens တစ်ခု ပါလာဖို့လည်း ရှိပါတယ်။ အထူးသဖြင့် low-light ရိုက်ချက်တွေမှာ အဆင့်မြှင့်တင်မှုတွေအများကြီး လုပ်ဆောင်သွားမယ်လို့ယူဆရပါတယ်။ မျက်နှာပြင် ၆.၁ လက်မ iPhone ကတော့ ပထမဆုံးအကြိမ်အဖြစ် dual-cameras စနစ် သုံးလာဖို့ရှိနေပါတယ်။
Photo: 9to5mac
Apple ဟာ အခု မိတ်ဆက်သွားမယ့် iPhone တွေမှာ ရေစိုဒဏ်နဲ့လွတ်ကျတဲ့ ဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိအောင် ထုတ်လုပ်သွားဖို့ရှိပါတယ်။ Face ID လုပ်ဆောင်ချက်ဟာလည် ပိုပြီး အဆင့်မြင့်လာပြီး သုံးစွဲသူရဲ့ မျက်နှာကို ထောင့်အမျိုးမျိုးကနေ ပိုပြီး ဖတ်ရှုနိုင်ဖို့ရှိပါတယ်။ iPhone X မှာ ပါခဲ့တဲ့အတိုင်း ခပ်ကြီးကြီး notch ကို ဆက်သုံးသွားမှာ ဖြစ်ပြီး ဘက်ထရီပိုကြီးလာသလို Wireless power share စနစ်လည်း ပါလာဖို့ရှိပါတယ်။
iPhone သစ် မိတ်ဆက်ပွဲနဲ့အတူ ဒီနှစ်ထဲမှာ ပဉ္စမမျိုးဆက် Apple Watch စမတ်နာရီလည်း မိတ်ဆက်သွားဖို့ရှိပါတယ်။ နောက်တစ်ချက်ကတော့ iPhone သစ်ဖိတ်စာမှာ ရောင်စုံ logo ကို သုံးထားလို့ကာလာဆန်းတွေ ပိုပြီး မြင်ရဖို့ရှိပါတယ်။