စမတ်ဖုန်း Users တွေအတွက် သတင်းကောင်းပါပဲ

ဂျာမနီအစိုးရရဲ့ ဥပဒေသာ အတည်ပြုနိုင်ရင် စမတ်ဖုန်းထုတ်လုပ်တဲ့ OEMs တွေဟာ ဖုန်းတွေကို ၇ နှစ်အထိ Update ထုတ်ပေးရမှာ ဖြစ်သလို အပိုပစ္စည်းဈေးတွေကိုလည်း ကာလအလျောက် တင်ရောင်းလို့ရမှာ မဟုတ်ပါဘူး။

 



           လက်ရှိမှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ဖုန်းတစ်လုံးကို ၃ နှစ်အထိ (တချို့အခြေအနေအတွက် ၄ နှစ်အထိ)ပဲ updates တွေ ပုံမှန် ပေးနေတာပါ။ ဒီကွာဟချက်ကို ညှိဖို့ ဥရောပကော်မရှင်အဖွဲ့ဟာ ဒီနှစ် နှစ်ဆန်းပိုင်းမှာပဲ OEM တွေအနေနဲ့ ဖုန်းနဲ့ တက်ဘလက်တွေရဲ့ Software Updates ကို ၅ နှစ်အထိ ပေးဖို့နဲ့ စမတ်ဖုန်းအပိုပစ္စည်းတွေ ဈေးအမျိုးမျိုး ပြောင်း တင်ရောင်းတာမျိုး မလုပ်ဘဲ မျှတတဲ့နှုန်းထားနဲ့ ရောင်းဖို့ ဥပဒေသစ်တစ်ရပ် အဆိုပြုခဲ့ပါတယ်။


Photo: Apple Insider


           EU ရဲ့ Right To Repair Law သစ် အသက်မဝင်ခင်မှာ ဂျာမန်ဖက်ဒရယ်အစိုးရက စမတ်ဖုန်းတွေအတွက် ဆော့ဖ်ဝဲလ် Update ပေးတဲ့အချိန်ကို နှစ်နှစ်တိုးပေးဖို့ အစီအစဉ်အစဉ်တစ်ခုကို ကြေညာခဲ့တာပါ။ ဂျာမန်အစိုးရအဖွဲ့ဟာ OEMs တွေကို ဖုန်း Spare Parts နဲ့ Software Updates ၇ နှစ် ပေးနိုင်ဖို့ ပိုပြီး တင်းကြပ်တဲ့ ဥပဒေတွေ ရေးဆွဲဖို့ ပြင်နေတယ်လို့ ဂျာမန်စီးပွားရေးဝန်ကြီးဌာနပြောခွင့်ရသူရဲ့ အဆိုကို ကိုးကားပြီး Wccftech သတင်းက ဖော်ပြထားပါတယ်။

           

           ဂျာမန်ဖက်ထရယ်အစိုးရအနေနဲ့ OEM တွေကို ဖုန်းအပိုပစ္စည်းဈေးသတ်မှတ်တာ နဲ့ ပစ္စည်းတွေကို ကာလအလျောက် ဈေးတင်ပြီး ရောင်းချတာမျိုး မလုပ်နိုင်အောင် ကန့်သတ်ဖို့လည်း ဆန္ဒရှိနေတာပါ။ ပြင်ဆင်နေတဲ့ ဥပဒေမှာ ဖုန်းအပိုပစ္စည်း ပို့ဆောင်မှုကြာချိန်ကိုလည်း မြန်နိုင်သမျှ မြန်စေဖို့ စည်းကမ်းသတ်မှတ်သွားဖို့ ရှိသလို ဖုန်းပြင်ချိန် ကြာခြင်းကလည်း ဖုန်းပျက်ကို ပြင်ဖို့ထက် အသစ်ဝယ်အောင် တွန်းပို့နိုင်လို့ စည်းကမ်းကြပ်မတ်သွားဖို့ လုပ်နေပါတယ်။


Photo: Engadget


           EU ရဲ့ စက်ပစ္စည်းပြုပြင်ခွင့်ဆိုင်ရာ ဥပဒေအရ အများဆုံး ပစ္စည်းပို့ဆောင်ဖို့ ကြာချိန်ကို အလုပ်လုပ်ချိန် ၅ ရက်အထိသတ်မှတ်ဖို့ စီစဉ်ထားပြီး ဂျာမန်ဖက်ထရယ်အစိုးရအဖွဲ့ကတော့ Delivery Time ကြာချိန်ကို သတ်မှတ်ပြီးခြင်း မရှိသေးပါဘူး။ EU အနေနဲ့ ဒီဥပဒေအဆိုပြုချက် မူကြမ်းကို လာမယ့် ၂၀၂၃ ခုနှစ်မှာ စတင်ပြီး တင်သွင်းဖို့ ခန့်မှန်းထားပါတယ်။

            Apple ၊ Google နဲ့ Samsung စတဲ့ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သူနဲ့ နည်းပညာကုမ္ပဏီကြီးတွေ ပါဝင်တဲ့ DigitalEurope အဖွဲ့အစည်းဟာ ဖုန်းတွေရဲ့ Security Update ကို သုံးနှစ် နဲ့ Functional Updates ကို ၂ နှစ် ပေးဖို့ သတ်မှတ်ထားတာပါ။ လောလာဆယ် သတင်းတွေအရ ၂၀၁၅ ခုနှစ်က မိတ်ဆက်ထားတဲ့ iPhone 6s နဲ့ 6s Plus တို့ဟာ ဒီနှစ်ကုန်ပိုင်းလောက် ဖြန့်ချိသွားမယ့် iOS 15 သစ် တင်နိုင်မယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က