တရုတ်မှာ ရောင်းအားအကောင်းဆုံး ဖုန်းဖြစ်နေပါတယ်

     Huawei ရဲ့ Honor series တွေထဲမှာ အကောင်းဆုံးလို့ပြောနိုင်တဲ့ Honor View 20 ဖုန်းသစ်ကတော့ မိုဘိုင်းလ်ဂိမ်းသမားတွေအကြိုက် features သစ်တွေ ပါဝင်လာပြီ ဖြစ်ပါတယ်။

         Honor View 20 ဟာ update သစ်နဲ့အတူ ပါဝါစွမ်းဆောင်ရည်ထိရောက်မှုမှာ Kirin 980 chipset ကနေ ၂၀% အထိ ပိုကောင်းလာစေမယ့် Gaming+ mode ပါလာပါတယ်။ ဒီ mode သစ်မှာ CPU နဲ့GPU clockspeeds တွေကို ဘယ်ဖရိန်နဲ့ချရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကို ခန့်မှန်းဖို့AI နည်းပညာ သုံးထားတာ ဖြစ်ပါတယ်။ gameplay ကိုလည်း 60fps နဲ့အငြိမ် smooth ဖြစ်အောင် ထိန်းထားပြီး clockspeed ကို မလိုဘဲနဲ့အများကြီး boost မလုပ်ပါဘူး။



Photo: androidpit

         ဂိမ်းထဲမှာ ရုပ်ထွက်ကောင်းဖို့အတွက် HDR rendering ချပေးထားလို့အမြင့်ဂိမ်းတွေကို သာသာယာယာ ကစားနိုင်မှာပါ။ Gaming+ mode မှာဆို Epic Games က ထုတ်ထားတဲ့ ဂိမ်းတွေနဲ့Arena of Valor နဲ့QQ Speed လို ဂိမ်းတွေကို အေးဆေးကစားနိုင်မှာပါ။ Honor View 20 ဟာ GPU Mali G76 ကို သုံးထားတာ ဖြစ်လို့transcoding ပြန်တာ ၊ ဖုန်းရဲ့ task တွေ စီမံတာနဲ့အပြိုင်လုပ်ဆောင်ချက်တွေမှာ အားသာမှုတွေ ရှိလာပါတယ်။

         update သစ်မှာ ဂိမ်းဂရပ်ဖစ်ရုပ်ထွက်မြင့်လာပြီး အလင်းအမှောင်နဲ့ကာလာအစပ်အဟပ်တောက်ပမှုပိုမို စုံလင်အားကောင်းလာပါတယ်။ နောက်တစ်ခုက ViLTE call လို့ခေါ်တဲ့ Video over LTE feature လည်းပါလာလို့WhatsApp ၊ Google Duo နဲ့တစ်ခြား video call app တွေ သုံးစရာမလိုဘဲ LTE ကနေ တိုက်ရိုက် video callခေါ်နိုင်တော့မှာပါ။ ဒီ features ကတော့ local carrier ကနေ access ပေးထားတဲ့အပေါ်လည်း မူတည်ပါတယ်။

Photo: GSMArena

         Honor View 20 ဟာ punch hole ကင်မရာနဲ့လာတဲ့ မျက်နှာပြင် ၆.၄လက်မ အရွယ် စမတ်ဖုန်းဖြစ်ပြီး WiFi နဲ့4G mobile data ကို အပြိုင်သုံးနိုင်တဲ့ Link Turbo နည်းပညာ ပါလာပါတယ်။ ကျောဘက်မှာ Sony ImX 586 sensor ပါတဲ့ 48MP ကင်မရာနဲ့3D ToF sensor သုံးထားပြီး ရှေ့ဘက်မှာ 25MP ဆယ်လ်ဖီကင်မရာပါပါတယ်။ 22.5W super charge နည်းပညာသုံး 4000 mAh ဘက်ထရီ Magic UI 2.0 သစ်နဲ့လာတဲ့ ဒီဖုန်းဟာ အနက် ၊ အပြာ နဲ့အနီရောင် ကာလာ ၃ မျိုးနဲ့ထွက်ထားပြီး အိမ့်ဆုံးမော်ဒယ်ဟာ ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) ဈေးရှိပါတယ်။

         Honor ဟာ Epic နဲ့လည်း မိတ်ဘက်ပြု ပေါင်းထားလို့Fotnite ဂိမ်းကစားတဲ့ Honor View 20 ပိုင်ရှင်တွေဟာ Honor Guard outfit သီးသန့်ရဦးမှာပါ။ ဒီ outfit ကိုတော့ HiHonor.com ကနေ ထုတ်ရမှာ ဖြစ်ပါတယ်။ ၂၀၁၈ ဒီဇင်ဘာအကုန်က ထွက်ထားတဲ့ Honor View 20 ဟာ လက်ရှိမှာ အလုံးရေ ၁.၅ သန်း ရောင်းထွက်ထားပြီး တရုတ်နဲ့ပြင်သစ်က Amazon စတိုးတွေမှာ နံပါတ်တစ်ရောင်းအားအကောင်းဆုံး ဖုန်းအဖြစ် ရပ်တည်နေတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က