စမတ်ဖုန်းရောင်းအား အကျဘက်က ပြန်တက်နိုင်ဖို့ရုန်းကန်နေရပါတယ်။
Nyein Min Wai

လာမယ့် ၂၀၂၀ မှာ Sony Mobile ရဲ့ ဝန်ထမ်း ထက်ဝက်ခန့်ဟာ အလုပ်အကိုင်နေရာ ပျောက်ဆုံးသွားဖို့ရှိပါတယ်။

         Nikkei Asian Review ရဲ့ အစီရင်ခံစာသစ်အရ Sony Mobile ရဲ့ ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ အကျဘက်မှာ ရှိနေပြီး အရှေ့တောင်အာရှနဲ့တစ်ခြားဒေသတွေက စမတ်ဖုန်းရောင်းအားကို ကန့်သတ်သွားမယ်လို့ဆိုပါတယ်။ ဈေးကွက်အနေနဲ့အရှေ့အာရှနဲ့ဥရောပကိုပဲ ပိုပြီး အာရုံစိုက်သွားမှာပါ။ ၂၀၂၀ မတ်လမှာ စမတ်ဖုန်းထုတ်လုပ်မှုမှာ ရှိတဲ့ ဝန်ထမ်း အင်အား ၄၀၀၀ ထဲက ၂၀၀၀ အထိကိုတော့ အလုပ်ပြောင်းတာ ၊ အလုပ်ဖြုတ်တာတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Photo: xperiablog

         ပြိုင်ဘက်တွေဖြစ်တဲ့ Apple ၊ Samsung နဲ့Huawei တို့5G ထုတ်ကုန်တွေဆီ အပြိုင်အဆိုင် သွားနေချိန်မှာ Sony Mobile အတွက် ပိုပြီး အကြပ်တွေ့နေပါတယ်။ Statistica သုတေသနအချက်အလက်များအရ Sony ဟာ ၂၀၁၀ မှာ ဈေးကွက်ရှယ်ယာ ၃% ကျဆင်းခဲ့သလို လက်ရှိမှာလည်း ဈေးကွက်ဝေစုဟာ ၁% အထိ ကျဆင်းနေတယ်လို့ဆိုပါတယ်။

         ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ Sony Mobile ဟာ စမတ်ဖုန်းအလုံးရေ ၆.၅ သန်းပဲ ရောင်းချနိုင်ခဲ့ပြီး ဒီပမာဏဟာ လွန်ခဲ့တဲ့ ၅ နှစ်က စမတ်ဖုန်းရောင်းအားရဲ့ ၆ ပုံတစ်ပုံပဲ ရှိတာ ဖြစ်ပါတယ်။ ၂၀၁၈ မှာ Sony Mobile ကဏ္ဍဟာ ဒေါ်လာ ၁ ဘီလျံ အရှုံးပေါ်ခဲ့တယ်လို့ဆိုပါတယ်။ Sony ဟာ ၂၀၀၉ ခုနှစ်ကလည်း မိုဘိုင်းဘက်က အလုပ်အကိုင် ၁၀၀၀ အလုပ်ဖြုတ်ခဲ့သလို ၂၀၁၅ မှာ နောက်ထပ် ၂၀၀၀ အလုပ်ကနေ ဖယ်ရှားခဲ့ပါတယ်။

Photo: wccftech

         ဒီလိုအလုပ်တွေ ဖြုတ်ရတာဟာလည်း စမတ်ဖုန်းရောင်းအား နှေးကွေးမှုကြောင့် ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာပဲ Sony ဟဟာ စမတ်ဖုန်းတွေ အဓိက ထုတ်လုပ်နေတဲ့ စက်ရုံတစ်ရုံကို ပိတ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ WCCF Tech ရဲ့ သတင်းအရ Sony ဟာ Sony TV ၊ အသံနဲ့ကင်မရာထုတ်ကုန်တွေမှာ မိုဘိုင်းဖုန်းကဏ္ဍကို ပေါင်းစည်းသွားမယ်လို့ဆိုပါတယ်။ ၂၀၂၀ မှာ Sony ဟာ စမတ်ဖုန်းတွေကနေ အမြတ်ငွေ ပြန်ဝင်ဖို့အတွက် ဒီဇိုင်းသစ် နဲ့အဆင့်မြှင့်တင်မှုတွေ လုပ်သွားမယ်လို့ပြောထားပါတယ်။

         Sony အနေနဲ့စမတ်ဖုန်းတွေကို ဈေးချရောင်းဖို့အစီအစဉ်မရှိဘဲ 5G သစ်ကို သွားဖို့မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။ Sony Mobile ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း ဆွီဒင်နိုင်ငံ Lund မြို့ရုံးမှ ဝန်ထမ်း ၂၀၀ ကို အလုပ်က ရပ်စဲသွားမယ်လို့ကြေညာခဲ့ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


Author


က္က