PUBG Mobile Club Open 2019 မှာ တရားဝင်ဖုန်းအဖြစ် ထွက်လာတာပါ

     mid-ranger တွေထဲမှာ ဘက်ထရီပါဝါအကြီးဆုံး သုံးမယ့် Vivo ဖုန်းသစ်တစ်မျိုးကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။


         အိန္ဒိယဈေးကွက်ထဲ ဝင်လာမယ့် Vivo Z1 Pro ဟာ မကြာသေးခင်က တရုတ်ဈေးကွက်မှာ ကြေညာသွားတဲ့ Vivo Z5x ကို အဆင့်မြှင့်တင်သွားမယ့် မော်ဒယ်အဖြစ် သတင်းထွက်နေပြီး Qualcomm ရဲ့ mid-range processor သစ်နဲ့လာဖို့ရှိနေပါတယ်။ Vivo Z5x ဟာ Snapdragon 710 processor ကို သုံးသွားတာ ဖြစ်ပြီး Vivo Z1 Pro မှာတော့ Snapdragon 712 processor သစ်နဲ့လာမယ်လို့ဆိုပါတယ်။

Photo: BGR



         ဒီ processor သစ်ဟာ octa-core Kryo 360 CPU နဲ့Adreno 616 GPU သုံးထားပြီး 4K ဗွီဒီယိုတွေကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မှာပါ။ Snapdragon 712 processor သစ်ဟာ Snapdragon X15 LTE modem လည်း သုံးထားတာာ ဖြစ်လို့download speed မှာ 800Mbps နှုန်းအထိ ပံ့ပိုးပေးနိုင်မယ်လို့ဆိုပါတယ်။

         Vivo Z1 Pro ရဲ့ ထူးခြားချက်တစ်ခုကတော့ in-display ကင်မရာစနစ်ကို သုံးလာတာ ဖြစ်ပြီး မှန်ပြင်အောက်မှာ သုံးသွားမယ့် ဆယ်လ်ဖီကင်မရာဟာ 32MP ကင်မရာ ဖြစ်မှာပါ။ screen ရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာ selfie ကင်မရာအတွက် cutout ပေးထားတဲ့ ခေတ်သစ် စမတ်ဖုန်း ဒီဇိုင်းအပြင် စိတ်ဝင်စားစရာကောင်းတာက ဒီဖုန်းဟာ PUBG Mobile Club Open 2019 အတွက် တရားဝင်စမတ်ဖုန်းအဖြစ် ထုတ်ထားတာပါ။

Photo: GSMArena

         ဘက်ထရီပါဝါမှာတော့ Vivo Z5x အတိုင်း 5000 mAh နဲ့လာပြီး 18W fast charging စနစ် ပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။ ကျောဘက်မှာပဲ fingerprint scanner နဲ့အတူ triple lens ကင်မရာ ၃ လုံးတွဲ စနစ် သုံးသွားဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ ကင်မရာ specs နဲ့သုံးသွားမယ့် RAM/storage ပမာဏကို မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က