Sony ကတော့ ဒီနှစ်ထဲမှာ flagship-tier ဖုန်းသစ်တစ်မျိုးကို ကြေညာသွားဖို့ ရှိပြီး ဂျာမန်ကင်မရာနည်းပညာနဲ့ ထွက်လာမယ်လို့ သတင်းပြေးနေပါတယ်။

Sony Xperia 5 II ကို ဒီနှစ် IFA 2020 ပွဲမှာ မိတ်ဆက်သွားဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပထမဗားရှင်း Sony Xperia 5 ကို IFA 2019 ပွဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး စမတ်ဖုန်း Leaker တစ်ဦးဖြစ်တဲ့ အီဗန်ဘလတ်စ်ဟာ သူ့ရဲ့ Patreon အကောင့်မှာ Xperia 5 II ရဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ Render ပုံတစ်ခုကို တင်ခဲ့ပါတယ်။



Photo: Gizchina

Xperia 5 II ဒီဇိုင်းပုံအကြမ်းဟာ ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ Xperia 5 နဲ့ အတော်လေး ဆင်ပါတယ်။ ကျောဘက်မှာလည်း ထောင်လိုက်သုံးလုံးတွဲကင်မရာပါလာပြီး ကိုယ်ထည်အချိုးဟာ 21:9 screen နဲ့ လာမှာပါ။ ဖုန်းညာဘက်ဘောင်မှာ အသံတိုး/လျှော့ခလုတ် ၊ fingerprint scanner နဲ့ နောက်ထပ် ခလုတ်နှစ်ခုပါ တပ်ဆင်ထားတာ တွေ့ရပါတယ်။

၂၀၂၀ ထွက် flagship ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း High-end processor ဖြစ်တဲ့ Sanpdragon 865 SoC နဲ့ လာပြီး 5G support ပေးသွားမယ်လို့ ဆိုပါတယ်။ RAM/storage အနေနဲ့ 8GB/256GB တွဲ သုံးထားပြီး microSD card support ပါလာဖို့ ရှိပါတယ်။ ဒီနှစ်ထဲ ထွက်လာတဲ့ Sony flagship ဖုန်းတွေလိုပဲ 3.5mm headphone jack လည်း ထည့်သွင်းလာနိုင်ပါတယ်။


Photo: Android Authority

ကင်မရာအနေနဲ့ Xperia 1 II တို့လို ZEISS ကင်မရာစနစ်ကို သုံးသွားဖို့ ရှိပြီး render ပုံမှာ ZEISS T* logo စာတန်းတွေ့ရပါတယ်။ ကင်မရာ Shutter Key ကိုလည်း ဖုန်းညာဘက်ဘေးဘောင်မှာ ထည့်သွင်းထားပါတယ်။ ဖုန်းကင်မရာအတွက် သီးသန့် hardware button ထည့်ထားတာလည်း Sony တစ်ခုပဲ ရှိပါတယ်။

display size မသိရသေးပေမယ့် အစောပိုင်းက Compact ဖုန်းတစ်လုံးအနေနဲ့ ၅.၆ လက်မနဲ့ ၅.၈ လက်မအကြား ရှိမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ တကယ်လို့ ဒီသတင်းမှန်ရင်တော့ screen size အသေးဆုံး 5G ဖုန်း ဖြစ်လာမှာပါ။ Sony Xperia 5 II အကြောင်း နောက်ထပ်က်ထပ်အချက်အလက်တွေကို မကြာခင် ထပ်ပြီး ကြားသိရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က