ပြည်တွင်းဈေးကွက်မှာ ပထမဆုံး ဝင်လာတဲ့ in-display လက်ဗွေနည်းပညာသုံး ဖုန်းဖြစ်ပါတယ်။
Nyein Min Wai

ဒီဘက်ခေတ်မှာ တကယ့်ထိပ်တန်းဖုန်းတွေတောင်မှ in-display fingerprint စနစ်ကို မသုံးနိုင်သေးချိန်မှာ Vivo ဟာ mid-range မော်ဒယ် Vivo V11 မှာပါ ဒီနည်းပညာကို သုံးသွားတော့မှာပါ။

33.PNG

Photo: Vivo

 

မှန်ပြင်အောက် လက်ဗွေထားတဲ့ in-display လက်ဗွေစနစ်ကြောင့် ဖုန်းတစ်လုံးဟာ မျက်နှာပြင်အပြည့်နီးပါး ဖြစ်လာဖို့အတွက် fingerprint ကို ကျောဘက်မှာ ထားစရာမလိုတော့ပါဘူး။ ဒီအချက်ကို အစောဆုံး အကောင်အထည်ဖော်ခဲ့တဲ့ Vivo ဟာ in-display နည်းပညာကို Vivo APEX ဖုန်းမှာ concept ဒီဇိုင်းအနေနဲ့ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။

in-display fingerprint scanner နည်းပညာပိုင်းမှာ ဦးဆောင်ကုမ္ပဏီဖြစ်ခဲ့တဲ့ Vivo ဟာ ဒီနည်းပညာကို ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆန်းသစ်တီထွင်ခဲ့ရာကနေ အခုဆို ဖုန်းမှန်ပြင်တစ်ပြင်လုံးမှာ ကြိုက်သလို fingerprint သုံးလို့ရမယ့် စတုတ္ထမျိုးဆက် လက်ဗွေစနစ်ကို တီထွင်လိုက်ပါတယ်။ in-display နည်းပညာဟာ မှန်ပြင် display ပေါ်မှာ အပြာရောင် လက်ဗွေပုံစံတစ်ခု ပါရှိပြီး OLED panel တွေမှာပဲ အလုပ်လုပ်ပါတယ်။

OLED display တွေမှာပဲ အလုပ်လုပ်နိုင်တဲ့ ဒီနည်းပညာကြောင့် ဖုန်းရဲ့ display ပိုင်းမှာလည်း ပိုမိုအဆင့်မြင့်သားနားသွားသလို bezel ဘောင်တွေ ဖျောက်ထားလို့ပါ ရတော့မှာပါ။တစ်နည်းအားဖြင့်  မှန်ပြင်ပြည့်ဖုန်းတွေအတွက် အထက်အောက် bezel တွေကို လုံးဝနီးနီး ဖယ်ရှားဖို့အခွင့်အလမ်းတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။

ဒီလက်ဗွေပုံစံဟာ capacitive sensor များကနေ လျှပ်စစ်စီးကြောင်းကို သုံးပြီး လက်ဗွေကို ဖတ်ရှုပေးမှာ ဖြစ်ပြီး physical home button မလိုတော့တဲ့ စနစ်တစ်ခုပါ။ ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းအလှအပအတွက်ပါ ပံ့ပိုးမှု အပြည့်ပါရှိပြီး ဖုန်းကို ပိုမို သေးသွယ်လှပခမ်းနားစေမယ့် နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့်လည်း Vivo V11 ဟာ မှန်ပြင်နဲ့ကိုယ်ထည်အချိုးအား ၉၁.၂၇% ကျော် ပါရှိလာပြီး မှန်ပြင်အပြည့်နီးပါး ဖြစ်လာပါတယ်။

mid-range ဖုန်းတစ်လုံးအနေနဲ့ထွက်လာမယ့် Vivo V11 ဟာ မျက်နှာပြင် ၆.၄၁ လက်မ Super AMOLED display သုံးသွားမှာ ဖြစ်ပြီး Snapdragon 660 chipset ၊ RAM 6GB/128GB storage များ သုံးသွားမယ်လို့ဆိုပါတယ်။ ကျောဘက်မှာ ထောင်လိုက် dual camera (12MP+ 5MP) များနဲ့ရှေ့ဘက်မှာ 25MP ကင်မရာ ပါရှိပြီး ကင်မရာအားလုံးဟာ AI နည်းပညာ အသုံးပြုနိုင်မှာပါ။

11_1135x960.jpg

Photo: Vivo

 

မြန်မာပြည်ဈေးကွက်မှာတော့ မှန်ပြင်အောက် လက်ဗွေသုံးတဲ့ ဖုန်းရောက်မလာသေးပါဘူး။ Vivo V11 ကို စက်တင်ဘာ ၂၅ ရက်နေ့မှာပြည်တွင်း ဈေးကွက်နဲ့မိတ်ဆက်မှာ ဖြစ်လို့ဒီဖုန်းဟာ ဒီဈေးကွက်ဲမှာ ပထမဆုံး in-display fingerprint scanner ပါတဲ့ဖုန်းလို့ပြောရမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က