နိုဝင်ဘာ ၁၃ ရက်နေ့ မိတ်ဆက်သွားမှာပါ
Nyein Min Wai

နိုဝင်ဘာလလယ်လောက်မှာ မိတ်ဆက်သွားဖို့ရှိတဲ့ foldable ဖုန်းသစ် Motorola RAZR ရဲ့ အတည်ပြုနိုင်လောက်တဲ့ ဒီဇိုင်းတွေ ထွက်လာပြီ ဖြစ်ပါတယ်။

နာမည်ကျော် စမတ်ဖုန်းသတင်းသမား အီဗန်ဘလတ်စ်က သူ့ရဲ့ Twitter မှာ ပြန် share ထားတာ ဖြစ်လို့Motorola ရဲ့ ဒီ foldable display သုံးဖုန်းအကြောင်းဟာ တရားဝင်ဖြစ်တယ်လို့တောင် ပြောနိုင်ပါတယ်။ ဘလတ်စ်ဟာ Motorola RAZR ကို ထောင့်အမျိုးမျိုး ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၁၀ ပုံတင်ထားတာပါ။


Photo: Engadget

ဒီဇိုင်းအနေနဲ့ဒီဖုန်းဟာ ၂၀၀၄ ခုနှစ်ထုတ် မူရင်း RAZR V3 ခေါက်ဖုန်းနဲ့ဆင်ပြီး RAZR ဖုန်းသစ်မှာတော့ display ကို ခေါက်သိမ်းနိုင်စေဖို့ဒီဇိုင်းထုတ်ထားတာပါ။ foldable RAZR နဲ့အတူ Motorola ဟာ ပတ္တာဒီဇိုင်းသစ်လည်း သုံးသွားမှာပါ။ ဖုန်းအောက်ခြေမှာ သီးသန့်ဘောင်အထူတစ်ခု ပါပြီး ဘောင်ပေါ်မှာ လက်ဗွေအတွက် နေရာဖြစ်ဖွယ်ရှိတဲ့ သီးခြားခလုတ်တစ်ခု ထည့်ထားပါတယ်။

သတင်းတွေအရ RAZR ဖုန်းသစ်ဟာ မျက်နှာပြင် ၆.၂ လက်မ OLED display နဲ့လာပြီး အပြင်ဘက်မှာ 600 x 800px ရုပ်ထွက်ရှိတဲ့ အရန် screen တစ်ခုလည်း ပါမယ်လို့ဆိုပါတယ်။ ခေါက်ထားချိန်မှာ သုံးနိုင်မယ့် အပြန် secondary screen မှာ အချိန်နာရီ ၊ မက်ဆေ့လို noti တွေနဲ့Status icons တွေ ပြနေမှာပါ။ ဘက်ထရီပါဝါဟာ 2730 mAh ဘက်ထရီ ဖြစ်ဖို့ရှိပြီး RAM 4/6GB နဲ့အတူ 128GB storage ပါရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။



Photo: Australia- Global News

selfie ကင်မရာကို main display မှာ တပ်ဆင်ထားဖို့ရှိပြီး ဆယ်လ်ဖီဆွဲဖို့ဆိုရင်တော့ ဖုန်းdisplay ကို unfold လုပ်ဖို့လိုမှာပါ။ XDA Developers သတင်းအရ RAZR ဟာ Qualcomm ရဲ့ octa-core Snapdragon 710 SoC သုံးသွားမယ်လို့ဆိုပါတယ်။ ဈေးနှုန်း ဒေါ်လာ ၁၅၀၀ အထိ ပေါက်နိုင်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။


က္က