စိတ်ဝင်စားစရာ mid-ranger ဖြစ်လာမှာပါ

High-end ဖုန်းတွေ ထုတ်လုပ်ထားတဲ့ OnePlus ဟာ လာမယ့် ဇူလိုင်လထဲမှာ ပရီမီယံ mid-range တန်းဝင် ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်သွားဖို့ ရှိပါတယ်။ 

အသစ်ထွက်လာမယ့် ဖုန်းသစ်ဟာ OnePlus ရဲ့ စံနဲ့အညီ ထုတ်လုပ်သွားမယ့် တန်ဖိုးသင့်စမတ်ဖုန်းဖြစ်မယ်လို့ ကုမ္ပဏီရဲ့ CEO ပီတိလောင်က Fast Company နဲ့ အင်တာဗျူးမှာ အတည်ပြုထားပါတယ်။ ဖုန်းရဲ့ နာမည်ကို ကုမ္ပဏီရဲ့ CEO မှ ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ဈေးပိုသက်သာတဲ့ ဒီ OnePlus ဖုန်းဟာ အိန္ဒိယဈေးကွက်မှာ ပထမဆုံး မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။



Photo: gizmochina


"ဒီနှစ်ကုန်ပိုင်းလောက်မှာ OnePlus ဟာ မြောက်အမေရိကနဲ့ ဥရောပအပါပအဝင် တစ်ခြားဈေးကွက်တွေမှာ တန်ဖိုးနည်းစမတ်ဖုန်းတွေ မိတ်ဆက်ဖို့ မျှော်လင့်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ တန်ဖိုးနည်းဈေးနဲ့ ဖုန်းတွေ အမြောက်အများ ရောင်းချဖို့ပါ" လို့ OnePlus ရဲ့ CEO က ပြောပါတယ်။

သတင်းတွေမှာတော့ တန်ဖိုးသင့် OnePlus ဖုန်းသစ်ဟာ OnePlus Z ဖုန်းဖြစ်ပြီး flagship တန်းဝင် Qualcomm chip မသုံးတဲ့ ပထမဆုံးဖုန်းမယ်လို့ ဖော်ပြထားပါတယ်။ OnePlus Z ဟာ Qualcomm ရဲ့ mid-range processor ဖြစ်တဲ့ Snapdragon 765G processor ဒါမှမဟုတ် MediaTek ရဲ့ အဆင့်မြင့် Dimensity 1000 chipset သုံးမယ်လို့ ဆိုပါတယ်။

OnePlus Z ဟာ 90Hz refresh rate ပါ ၆.၄ လက်မ AMOLED display သုံးသွားဖို့ ရှိပြီး RAM 8GB/256GB storage အထိ ပါလာဖို့ ရှိပါတယ်။ ဘက်ထရီပါဝါအနေနဲ့ 4000mAh ဘက်ထရီကို သုံးသွားဖို့ ရှိပြီး OnePlus ရဲ့ နာမည်သစ်နဲ့ ဒုတိယမြောက်ဖုန်းဖြစ်မှာပါ။ ၂၀၁၄ ခုနှစ်က စပြီး OnePlus One နာမည်နဲ့ စတင်မိတ်ဆက်လာခဲ့တဲ့ ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ OnePlus X နာမည်သစ်နဲ့ ဖုန်းတစ်မျိုး မိတ်ဆက်ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က