စိမ်းပြာရောင်ကာလာနဲ့ ထွက်လာဖို့ ရှိပါတယ်

မြန်မာငွေ ၄ သိန်းခွဲကျော်တန် OnePlus mid-range ဖုန်းသတင်းတွေကတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။

OnePlus Z နာမည်နဲ့ ဒီဖုန်းကို ဇူလိုင် ၁၀ ရက်နေ့ အိန္ဒိယမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး dual selfie ကင်မရာ သုံးသွားမယ်လို့ Android Central သတင်းက ဖော်ပြထားပါတယ်။ OnePlus Z ကို အိန္ဒိယနဲ့ ဥရောပဈေးကွက်မှာ ကနဦးမိတ်ဆက်သွားမှာ ဖြစ်ပြီး မြောက်အမေရိကဈေးကွက်မှာလည်း ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။



Photo: Gadgets NDTV


တန်ဖိုးသင့် OnePlus ဖုန်း ထွက်လာမယ့်အကြောင်းကို ကုမ္ပဏီရဲ့ CEO ပီတီလောင်က ဒီတစ်ပတ်ထဲမှာပဲ အတည်ပြုထားပါတယ်။ Instagram နဲ့ Twitter ပေါ်မှာလည်း OnePlus ဖုန်းသစ်ဟာ စိမ်းပြာရောင် ကာလာသစ်ကို သုံးသွားမယ်လို့ ဆိုပါတယ်။ OnePlus Nord ဖုန်းသစ်ဟာ ကုမ္ပဏီရဲ့ပထမဆုံး dual Selfie ကင်မရာသုံး စမတ်ဖုန်းဖြစ်ဖို့ ရှိပါတယ်။

လတ်တလောသတင်းတွေမှာတော့ ဒီဖုန်းဟာ ရှေ့ဘက်မှာ 32MP main sensor နဲ့ 8MP wide-angle lens ဆိုပြီး နှစ်လုံးတွဲဆယ်လ်ဖီကင်မရာ နဲ့လာဖို့ ရှိနေပါတယ်။ punch-hole display ဟာ ၆.၅၅ လက်မ ရှိပြီး 90Hz AMOLED display သုံးသွားမယ်လို့ ဆိုပါတယ်။ base model အနေနဲ့ RAM 6GB/128GB storage ပါရှိပြီး mid-range 5G processor ဖြစ်တဲ့ Snapdragon 765G Processor နဲ့ လာဖို့ ရှိပါတယ်။

ဖြစ်နိုင်ဖွယ်ရှိတဲ့ OnePlus ဖုန်းသစ် ဒီဇိုင်း (Photo: androidinfotech)

ကျောဘက်ကင်မရာအကြောင်း သိပ်မသိရသေးပေမယ့် triple lens သုံးဖို့ များပါတယ်။ Android Central သတင်းအရ 48MP main sensor ၊ 16MP wide-angle နဲ့ 2MP macro lens တို့ သုံးမယ်လို့ ဆိုပါတယ်။ သေချာတာကတော့ ဒီဖုန်းဟာ OnePlus ရဲ့ ဈေးအသက်သာဆုံးမော်ဒယ်ဆိုတာပါပဲ။ OnePlus ကို ပူးတွဲတည်ထောင်သူ ကားလ်ပိုင် တင်ထားတဲ့ Tweet ကို ကြည့်ပြီး တစ်ချို့ကလည်း ဒီဖုန်းဟာ OnePlus One ဈေးနှုန်းနဲ့ လာမယ်လို့ ခန့်မှန်းထားပါတယ်။

OnePlus ဖုန်းသစ်ဟာ ရူပီး ၂၄၉၉၀ (မြန်မာငွေ ၄ သိန်း၆ သောင်းခန့်) ပဲ ကျသင့်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က