loading...

loading...

loading...

MI 9 SE နဲ့ဆို အလုံးရေ ၁.၅ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်
Nyein Min Wai

Xiaomi ရဲ့ ပထမဆုံး triple lens သုံးတဲ့ Xiaomi Mi 9 ဟာ ဈေးကွက် ရောက်ပြီး တစ်လကျော်အတွင်းမှာ စမတ်ဖုန်းပေါင်း ၁ သန်းကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်တယ်လို့ကြေညာထားပါတယ်။        

         Xiaomi flagship မော်ဒယ်တစ်ခု ဖြစ်တဲ့ Mi 9 ဟာ မျက်နှာပြင် ၆.၃၉ လက်မ Super AMOLED display နဲ့လာပြီး ကမ္ဘာ့အကြမ်းခံမှု အမြင့်ဆုံး Gorilla Glass 6 မှန် အုပ်ထားတဲ့ ဖုန်းဖြစ်ပါတယ်။ Snapdragon 855 SoC နဲ့လာတဲ့ ဒီဖုန်းဟာ Game Turbo Mode လို့ခေါ်တဲ့ မိုဘိုင်းဂိမ်ကစားသူတွေအတွက် ဖုန်းကို Game device လို သုံးနိုင်စေမယ့် နည်းပညာ သုံးထားပါတယ်။ နောက်ထပ် Turbo နည်းပညာတစ်ခုက wireless charging အားသွင်းတဲ့ နည်းပညာပါ။

Photo: Trusted Reviews

         Mi 9 ရဲ့ ထူးခြားမှုထဲက တစ်ခုက 20W wireless charging နဲ့လာတာကြောင့် ဈေးကွက်ထဲက အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ် ပံ့ပိုးမှု ပါတဲ့ ဖုန်းလို့ပြောနိုင်ပါတယ်။ 3300 mAh ဘက်ထရီသုံးထားတဲ့ Xiaomi Mi 9 ကို wireless charging သွင်းမယ်ဆိုရင် ၁ နာရီ မိနစ် ၄၀ နဲ့အားပြည့်မယ်လို့ကုမ္ပဏီက ကြေညာထားပါတယ်။ ပုံမှန်အားသွင်းမှုကတော့ USB C Portနဲ့အားသွင်းပြီး wired charging အနေနဲ့20W output ထွက်မယ်လို့ဆိုပါတယ်။

         ဒီဖုန်းဟာ ပုံမှန်မော်ဒယ်အတွက် RAM 6GB အပြင် transparent ဗားရှင်းဖြစ်တဲ့ ကိုယ်ထည် ထွင်းဖောက်မြင်ဗားရှင်းအတွက် 12GB မော်ဒယ်ဆိုပြီး နှစ်မျိုးထွက်ထားပါတယ်။ ကင်မရာပိုင်းမှာ Sony IMX586 sensor သုံးထားတဲ့ 48MP ကင်မရာ ၊ 12MP tele lens နဲ့အတူ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 16MP super wide lens ဆိုပြီး ကင်မရာ သုံးလုံးကို ကျောဘက်မှာ သုံးထားပါတယ်။ ဆယ်လ်ဖီကင်မရာဖြစ်တဲ့ 20MP ကင်မရာကိုတော့ waterdrop notch ထဲမှာ ထည့်သွင်းထားတာပါ။

         ဒီဖုန်းကို လာဗင်ဒါခရမ်းရောင် ၊ ပင်လယ်ပြာရောင်နဲ့စန္ဒယားနက်ရောင်ဆိုပြီး ကာလာ ၃ မျိုးနဲ့ဖြန့်ချိထားပြီး ဈေးနှုန်းအနေနဲ့RAM 6GB/128GB ဗားရှင်းကို ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) နဲ့RAM 8GB/128GB မော်ဒယ်ကို ၃၂၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချမယ်လို့ကြေညာထားပါတယ်။ RAM 12GB/256GB မော်ဒယ် transparent edition ကတော့ တရုတ်ဈေးကွက်မှာပဲ ရောင်းချသွားမှာ ဖြစ်ပြီး ၃၉၉၉ ယွမ် (မြန်မာငွေ ၉ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။



         Xiaomi Mi 9 ဟာ ဖေဖော်ဝါရီ တတိယပတ်ထဲမှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး သူနဲ့အတူ ထွက်ခဲ့တဲ့ Xiaomi Mi 9 SE ရောင်းအားကိုပါ တွက်မယ်ဆိုရင် စုစုပေါင်း ၁.၅ သန်းကျော်အထိ ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Xiaomi တည်ထောင်ခြင်း ၈ နှစ်ပြည့်တဲ့ ၂၀၁၈ ထဲမှာ ထွက်လာခဲ့တဲ့ Xiaomi Mi 8 series တွေကတော့ သုံးပတ်အတွင်း စမတ်ဖုန်းပေါင်း ၁ သန်းအထိ ရောင်းချနိုင်ခဲ့တာပါ။

         Mi 8 Series မှာတော့ Xiaomi Mi 8 အပြင် Explorer Edition နဲ့Mi 8 SE တို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီမော်ဒယ် ၃ မျိုးစလုံးဟာ ၄ လအတွင်း အလုံးရေ ၆ သန်း ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ Xiaomi ရဲ့ လူကြိုက်များတဲ့ ဘက်ဂျက်စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Redmi Note 7 ကလည်း တရုတ်ဈေးကွက်ထဲ ရောက်ပြီး ပထမဆုံးလအတွင်း စမတ်ဖုန်း ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ Redmi Note 7 ဟာ မတ်လကုန်ပိုင်းမှာ အလုံးရေ ၄ သန်း အထိ ရောင်းချနိုင်ဖို့ရှိတယ်လို့လည်း ကုမ္ပဏီရဲ့ CEO Lei Jun က သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က