နောက်အသုတ်မှာ ဖုန်းအလုံးရေ ပိုတင်သွားမှာပါ

Xiaomi ဆယ်နှစ်ပြည့် ဖုန်းတစ်လုံးအနေနဲ့ ထွက်လာတဲ့ Redmi K30 Ultra ဟာ တရုတ်ဈေးကွက်မှာ ဝယ်လိုအားမြင့်နေတယ်လို့ ဆိုပါတယ်။

တရုတ်ဈေးကွက်မှာ ပထမဆုံးအကြိမ်အဖြစ် ရောင်းချတဲ့ မိနစ်ပိုင်းအတွင်း Redmi K30 Ultra အလုံးရေ ၁ သိန်း ပစ္စည်းပြတ်လပ်တဲ့အထိ ရောင်းထွက်ခဲ့တယ်လို့ Xiaomi က ကြေညာပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် လေဂျန်ကလည်း နောက်တစ်ကြိမ် ရောင်းချမှုမှာ အလုံးရေ ပိုတင်ပေးမယ်လို့လည်း ကတိပြုလိုက်ပါတယ်။



Photo: GSMArena

Xiaomi ရဲ့ sub-brand တစ်ခုဖြစ်တဲ့ Redmi ကနေ ထွက်လာတဲ့ Redmi K30 Ultra ဟာ 120Hz screen နဲ့ flagship 5G processor သုံးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး mid-range ဈေးနဲ့ ရောင်းချလိုက်တာပါ။ Redmi K30 Ultra ဟ ဂိမ်းပိုင်းအတွက်လည်း အထူးကောင်းမွန်အောင် ဒီဇိုင်းထုတ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။

ဒီဖုန်းဟာ ဂရက်ဖိုက်အပူစွန့်ထုတ်မှု ပါဝင်တဲ့ အငွေ့အအေးခန်းစနစ်နဲ့လာပြီး Hyper Engine 2.0 နဲ့ Game Turbo Engine တို့လည်း သုံးထားပါတယ်။ MediaTek ရဲ့ 7nm Dimensity 1000+ SoC နဲ့ လာတာကြောင့် အမြင့်စား performance စွမ်းရည်လည်း သုံးနိုင်မှာ ဖြစ်သလို 5G ကွန်ရက်လည်း ပံ့ပိုးပေးနိုင်မှာပါ။

မျက်နှာပြင် ၆.၆၇ လက်မ Super AMOLED display သုံးထားပြီး 120Hz refresh rate နဲ့ HDR10+ တို့ ပါဝင်ပါတယ်။ ဘက်ထရီပါဝါ ခြွေတာဖို့အတွက် screen frame rate ကို 60Hz နဲ့ 120Hz အကြား အလိုအလျောက် ပြောင်းလဲပေးသွားမယ်လို့ ဆိုပါတယ်။ selfie ကင်မရာဟာ pop-up ကင်မရာအမျိုးအစားဖြစ်ပြီး 20MP ကင်မရာနဲ့ လာပါတယ်။

Photo: Android Community

ကျောဘက် စက်ဝိုင်းပုံကင်မရာ Module ထဲမှာ 64MP primary lens ၊ 13MP Ultra-wide ၊ 5MP macro lens နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။ ဘက်ထရီပါဝါဟာ 4500mAh ဖြစ်ပြီး 33W Charging ပံ့ပိုးနိုင်မှာပါ။ တရုတ်ဈေးကွက်မှာ Moonlight White ၊ Midnight Black နဲ့ Mint Green ကာလာ ၃ ရောင်နဲ့ လာပြီး ဗားရှင်း ၄ မျိုး ထွက်ထားပါတယ်။

လောလောဆယ် တရုတ်ဈေးကွက်မှာပဲ ဖြန့်ချိထားပြီး အနိမ့်ဆုံးမော်ဒယ် RAM 6GB/128GB storage ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) နဲ့ အမြင့်ဆုံး RAM 8GB/512GB storage ကိုတော့ ၂၆၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၃ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။

Share

Loading Next Article...
က္က