Android One ဖုန်းပါ
Nyein Min Wai

Android One ဖုန်းတစ်လုံးကိုမှ နောက်ဆုံးပေါ် Android 10 စနစ်နဲ့လာတဲ့ ဖုန်းကတော့ Sharp 7 ပါ။

ဂျပန်ဈေးကွက်မှာ စတင်မိတ်ဆက်လိုက်တဲ့ Sharp S7 ဟာ Sharp Aquos Sense 3 Lite ကို Rebrand လုပ်ထားတဲ့ မော်ဒယ်ဖြစ်ပြီး hardware ပိုင်း အပြောင်းအလဲ လုပ်ထားပါတယ်။ RAM နဲ့storage နည်းလာပြီး fingerprint scanner မသုံးတော့ပေမယ့် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ features တွေကို Sharp S7 မှာ မြင်ရပါတယ်။

Photo: GSMArena

မျက်နှာပြင် ၅.၅ လက်မရှိတဲ့ Sharp S7 ဟာ ပါဝါသုံးစွဲမှုကို ထိထိရောက်ရောက် စီမံနိုင်တဲ့ IGZO LCD display နဲ့လာပြီး ရုပ်ထွက် resolution ကတော့ 2160 x 1080p ပါလို့ရုပ်ထွက်မြင့်တဲ့ ဖုန်းလို့ဆိုနိုင်ပါတယ်။ IGZO display ရဲ့ စွမ်းအင်သက်သာစေတဲ့ display နည်းပညာနဲ့အတူ ကြီးမားတဲ့ 4000 mAh ဘက်ထရီ သုံးထားတာကြောင့် တစ်ခါအားသွင်းထားတာနဲ့တစ်ပတ်အထိ ဘက်ထရီအားခံမှာပါ။

mid-ranger ဖုန်းတစ်လုံး ဖြစ်တဲ့ Sharp S7 ဟာ Snapdragon 630 processor ၊ RAM 4GB/32GB storage ပါပြီး storage ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။ ကျောဘက်နဲ့ရှေ့မှာ ကင်မရာတစ်လုံးစီပဲ ပါရှိပြီး ရှေ့ဘက် 8MP f/2.2 ကင်မရာနဲ့ကျောဘက် 12MP f/2.0 ကင်မရာတွေ သုံးထားတာပါ။ ဒီကင်မရာတွေဟာ AI features တွေ ပါပြီး EIS ရုပ်ငြိမ်စနစ် ပါရှိပါတယ်။


Photo: Marcos Reviews

ဒီဖုန်းဟာ Android One ဖုန်းဖြစ်လို့Pure Android (Android 10) နဲ့လာပြီး Google Assistant ထည့်ပေးထားပါတယ်။ အရေးကြီးတဲ့ Android update ကို ၂၄ လအတွင်း အနည်းဆုံး တစ်ကြိမ် ပေးမယ်လို့လည်းဆိုပါတယ်။ security update ကိုတော့ ၃ နှစ်အထိ ပံ့ပိုးပေးထားပြီး အရောင်အနေနဲ့မက်မွန်သီးရောင် ၊ ငွေရောင်နဲ့မီးခိုရောင် ကာလာ ၃ မျိုးနဲ့ဝယ်ယူနိုင်မှာပါ။

ဈေးနှုန်းတော့ မကြေညာရသေးဘဲ လာမယ့် ဒီဇင်ဘာလလယ်လောက် ဂျပန်ဈေးကွက်မှာ ဖြန့်ချိမယ်လို့ပဲ ပြောထားပါတယ်။


က္က