ဈေးသင့်တဲ့ ဖုန်း ဖြစ်ဖို့ရှိပါတယ်။

Apple ဟာ တရုတ်စမတ်ဖုန်းသုံးစွဲသူတွေအတွက် ပြုပြင်ထားတဲ့ iPhone သစ်တစ်မျိုးကို ဖြန့်ချိသွားဖို့ရှိနေတယ်လို့ဆိုပါတယ်။

         တရုတ်နဲ့အမေရိကန်အကြား ၁၈လကြာ ကုန်သွယ်စစ်ကြောင့် စရိတ်စက မြင့်တက်လာရာကနေ Apple ဟာ တရုတ် စမတ်ဖုန်းဈေးကွက်မှာ ရောင်းအား ကျဆင်းလာနေပါတယ်။ တရုတ်ဈေးကွက်မှာ ရောင်းအားကျဆင်းမှုကို ဆွဲတင်ဖို့အတွက် Apple အနေနဲ့တန်ဖိုးကြီး Face ID နည်းပညာအစား မှန်ပြင်အောက် လက်ဗွေအာရုံခံစနစ် သုံးထားတဲ့ တန်ဖိုးသင့် iPhone တစ်မျိုးကို မိတ်ဆက်ဖို့ရှိတယ်လို့ The Global Times သတင်းက ဆိုပါတယ်။



Photo: cultofmac

         Under-Display fingerprint scanner သုံးတဲ့ iPhone သစ်ဟာ တရုတ်နိုင်ငံက အန်းဒရိုက်စနစ်သုံး စမတ်ဖုန်းတွေနဲ့ယှဉ်နိုင်မယ့် ဈေးမျိုးနဲ့ရောင်းချသွားဖို့လည်း ရှိတယ်လို့သတင်းမှာ ဖော်ပြထားပါတယ်။ iPhone X မှာ စပြီး သုံးလာခဲ့တဲ့ Apple ရဲ့ Face ID နည်းပညာဟာ ယွမ်ရာပေါင်းများစွာ ကျသင့်တဲ့ လေဆာအလင်း ထုတ်လွှတ်တဲ့ အာရုံခံစနစ်တွေ ပါဝင်တာကြောင့် ဈေးအားဖြင့်လည်း အတော့်ကို ကြီးမြင့်လာတာပါ။

         Apple ဟာ ယွမ် ၅ ထောင် ( မြန်မာငွေ ၁၁ သိန်းဝန်းကျင်) ခန့်စမတ်ဖုန်းတွေ နှစ်သက်ကြတဲ့ တရုတ်စမတ်ဖုန်းဈေးကွက်မှာ အရှုံးပြနေပြီး တရုတ်စမတ်ဖုန်း အမှတ်တံဆိပ်တွေ ဖြစ်တဲ့ Huawei ၊ OPPO နဲ့Vivo တို့ပဲ အဝယ်လိုက်နေကြပါတယ်။ Huawei ဟာ ၂၀၁၉ ပထမ ၃ လပတ်အတွင်း တရုတ်စမတ်ဖုန်း ဈေးကွက်တစ်ခုလုံးရဲ့ ၃၄% အထိ ဖုန်းတွေ ရောင်းနေရပါတယ်။

Photo: 9to5mac

         Huawei ရဲ့ နောက်မှာတော့ Vivo က တရုတ်ဖုန်းဈေးကွက်ရဲ့ ၁၉% ၊ OPPO က ၁၈% နဲ့Xiaomi က ၁၂% စီ ရှိထားပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ မတ်လကုန်အထိ တရုတ်စမတ်ဖုန်းဈေးကွက် ရောင်းအားစုစုပေါင်းရဲ့ ၉% ရထားတယ်လို့Counterpoint Research ရဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။

         ဘေဂျင်းအခြေစိုက် ဖုန်းဈေးကွက်လေ့လာသူ လီယုဒင်ဒင်ကတော့ ထုတ်ကုန်ချင်း မတိမ်းမယိမ်းမှာ ဈေးနှုန်း ကွာဟချက် ကြီးမားတာဟာ Apple နဲ့တရုတ်နည်းပညာသုံးစွဲသူများအကြား ပြဿနာဖြစ်တယ်လို့သုံးသပ်ပါတယ်။ တကယ်လို့တရုတ်ဈေးကွက်အတွက်ပဲ ထုတ်မယ့် တန်ဖိုးသင့် iPhone မှာ All-Screen display နဲ့in-display fingerprint scanner နည်းပညာ ပါလာမယ်ဆိုုရင်တော့ တရုတ်ဖုန်း users တွေအနေနဲ့အကြိုက်တွေ့ဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က