Tencent ဗားရှင်းလည်း ထွက်ထားပါတယ်။
Nyein Min Wai

ဇူလိုင် ၃၁ ရက်နေ့မှာ Flash Sale အဖြစ် ရောင်းချသွားမယ့် Asus ရဲ့ ဒုတိယမြောက် Gaming Smartphone ကို ဝယ်ဖို့စိတ်အားထက်သန်နေသူတွေ သန်းချီ ရှိနေပါတယ်။

Asus ဟာ စမတ်ဖုန်းလောကမှာ Snapdragon 855+ processor ကို ပထမဆုံး သုံးလာတဲ့ ROG Phone II ကို ကြေညာခဲ့ပါတယ်။ ROG Phone II ဟာ ပေါ့သေးသေးဖုန်း မဟုတ်ပါဘူး။ နောက်ဆုံးပေါ် hardware specs တွေနဲ့အင်ပြည့်အားပြည့်ထွက်လာတဲ့ ဂိမ်းဖုန်းပါ။ ဒီဖုန်းကို ကမ္ဘာ့အကြီးဆုံး ဂိမ်းဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံ မိုဘိုင်းလ်ဂိမ်မာတွေ စိတ်ဝင်စားတာလည်း မဆန်းပါဘူး။

Photo: wccftech

ဒီဖုန်းအကြောင်း အရင်ဆုံးပြောရမယ့် အချက်က 120Hz OLED panel ပါ။ screen refresh rate အမြင့်ဆုံး ရှားပါးဖုန်းထဲမှာ ပါပြီး touch latency မှာလည်း ဖုန်းအားလုံးမှာ အနည်းဆုံး ဖုန်းဖြစ်လို့ဂိမ်းအကြီး ကစားသူတွေအတွက် touch ပြဿနာအတွက် ခေါင်းကိုက်စရာ မရှိမယ့် ဖုန်းလို့ပြောရမှာ ဖြစ်ပါတယ်။မျက်နှာပြင် ၆.၅၉ လက်မဟာ မိုဘိုင်း ဖုန်းဂိမ်းသမားတွေနဲ့အဆင်ပြေပြီး မှန်ပြင်အောက်မှာ လက်ဗွေထည့်ထားတာက ဖုန်း lock စနစ်အတွက်ရော ဒီဇိုင်းနဲ့ဆန်းသစ်မှုအရပါ Modernize ဖြစ်နေပါတယ်။

နောက်တစ်ခုက ဖုန်းတွေထဲမှာ Snapdragon 855 Plus SoC သစ်ကို ပထမဆုံး သုံးလာတာပါပဲ။ ဒီအရင် Snapdragon 855 SoC ထက် Snapdragon 855+ Processor ဟာ ဂရပ်ဖစ်ပိုုင်း စွမ်းရည် ၁၅% တက်လာပြီး CPU clock speed လည်း ပိုသွက်လာပါတယ်။ ဂိမ်းဖုန်းဖြစ်တဲ့အတိုင်း အငွေ့အအေးခံစနစ်တွေ external vents တွေကနေ အပူကို တိုက်ထုတ်ပါတယ်။

ဖုန်း Accessory အနေနဲ့ပါလာတာကတော့ ဖုန်းအပူချိန်ကို ၅ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချနိုင်မယ့် ဒုတိယမျိုးဆက် AeroActive Cooler II ဖြစ်ပြီး အရင် cooler ထက် ၄ ဆအသံပိုလုံလာပါတယ်။ DTS:X Ultra အသံစနစ်ပါ စတီရီယိုစပီကာတွေကို ရှေ့ဘက်မှာ ထားရှိထားပြီး ဖုန်းကိုယ်ထည်တွေက AirTrigger တွေကိုလည်း အဆင့်မြှင့်ထားတယ်လို့ဆိုပါတယ်။

Photo: GSMArena

ရှေ့မှာ 24MP ဆယ်လ်ဖီကင်မရာ ပါပြီး ကျောဘက် 48MP + ၁၂၅ ဒီဂရီ ultra-wide 13MP ကင်မရာ နဲ့အတူ PUBG ကို 60Hz နှုန်းနဲ့၇ နာရီကျော်ကြာ ကစားနိုင်မယ့် 6000mAh ဘက်ထရီတို့ပါဝင်ပါတယ်။ Tencent နဲ့ပေါင်းပြီး customized ဗားရှင်းအဖြစ် တရုတ်ဈေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ custom ဗားရှင်းဟာ RAM 8GB/128GB storage နဲ့လာပြီး Vanila ဗားရှင်းကတော့ RAM 12GB/512GB storage နဲ့ထွက်ထားပါတယ်။

Tencent ဗားရှင်းကို တရုတ်မှာ ၃၄၉၉ ယွမ် ( မြန်မာငွေ ၇ သိန်း ၇သောင်း) ဈေးနဲ့ရောင်းချသွားမှာဖြစ်ပြီး RAM 12GB / 512GB ဗားရှင်းကို ၆၁၉၉ ယွမ် ( မြန်မာငွေ ၁၃ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။ လောလောဆယ် တရုတ်မှာ ဇူလိုင် ၃၁ ရက် flash sale အတွက် ROG Phone II ကို ဝယ်ဖို့စိတ်ဝင်စားသူဟာ ၁.၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က