၂၀၁၉ ဇန်နဝါရီမှာ iPhone ဈေးတွေကို တရုတ်ဈေးကွက်မှာ ချပေးခဲ့ပါတယ်

     နောက်ဆုံး သုံးလပတ်ဘဏ္ဍာရေးအစီရင်ခံစာအရ တရုတ်စမတ်ဖုန်းဈေးကွက်ဟာ အရင်ကထက် ၉.၇% ကျဆင်းနေပြီး Apple ကတော့ ရောင်းအား ၂၀%ခန့်ထိုးကျနေတယ်လို့ဆိုပါတယ်။



Photo: Bloomberg

         နိုင်ငံတကာ အချက်အလက်ကော်ပိုရေးရှင်း IDC ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ Apple ဟာ တရုတ်ဈေးကွက်မှာ စမတ်ဖုန်းရောင်းအား ၁၉.၉% ကျဆင်းမှု ရှိနေပေမယ့် Xiaomi ထက်တော့ တစ်ဆင့်မြင့်တဲ့ အဆင့် ၄ နေရာမှာ ရှိတယ်လို့ဖော်ပြထားပါတယ်။ Xiaomi ကတော့ ၂၀၁၈ နောက်ဆုံး စတုတ္ထသုံးလပတ် စမတ်ဖုန်းရောင်းအားမှာ အရင်ကာလတူကထက် ၃၄.၉% ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။

         တရုတ်စမတ်ဖုန်းဈေးကွက်အတွင်း စတုတ္ထသုံးလပတ် စမတ်ဖုန်းအလုံးရေ ၁၀၃ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၉.၇% ကျဆင်းခဲ့တာပါ။ Huawei ကတော့ တရုတ်မှာ အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်ပြီး တရုတ်ဈေးကွက်ဝေစုရဲ့ ၂၉% ကို သိမ်းပိုက်ထားသလို အရင်နှစ်ကထက် ရောင်းအား ၂၃.၃% တက်လာခဲ့ပါတယ်။ ဈေးကွက်ဒုတိယနဲ့တတိယနေရာမှာတော့ OPPO နဲ့Vivo တို့ရှိထားပြီး ဈေးကွက်ဝေစု ၁၉.၆% နဲ့၁၈.၈% စီ ရှိထားပါတယ်။

Photo:SCMP

         ရောင်းအားအနေနဲ့OPPO နဲ့Vivo တို့ဟာ Huawei ထက် အများကြီးနည်းနေပြီး ၁.၅% နဲ့၃.၁% စီပဲ တက်လာတာပါ။ Apple ရဲ့ CEO ဖြစ်သူ တင်မ်ကွတ်ကတော့ iPhone ရောင်းအားကျဆင်းမှုမှာ Greater China ဈေးကွက်ရဲ့ အဝယ်မလိုက်မှုကို အပြစ်ဆိုထားပါတယ်။ iPhone အမာခံဈေးကွက်ဖြစ်တဲ့ Greater China (ဟောင်ကောင် ၊ ထိုင်ဝမ် ၊ တရုတ်) ဈေးကွက်မှာ Apple ဟာ ရောင်းအားကျဆင်းမှုနဲ့ကြုံပြီးနောက် ဈေးကွက်မှုဝါဒတစ်ချို့ပြောင်းခဲ့ပါတယ်။

         ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး Apple ဟာ တရုတ်ဈေးကွက်မှာ ယွမ်ငွေကြေးနဲ့ကိုက်ညီမယ့် ဈေးနှုန်းလျှော့ချမှုများ လုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ တရုတ်အွန်လိုင်း စတိုးတွေမှာ iPhone ရောင်းအားတက်လာခဲ့တယ်လို့သတင်းတွေမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က