ဆွစ်ဇာလန်မှာ 5G ရနေပါပြီ

ဆွစ်ဇာလန်နိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေဟာ တရုတ်နိုင်ငံက ထုတ်တဲ့ 5G စမတ်ဖုန်းသစ် ၃ မျိုးနဲ့ထိတွေ့ခွင့် ရတော့မှာ ဖြစ်ပါတယ်။

         Swisscom လို့ခေါ်တဲ့ ဆွစ်ဇာလန်နိုင်ငံက တယ်လီကွန်းအော်ပရေတာတစ်ခုဟာ မေလ ၁ ရက်နေ့မှာ OPPO ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်တဲ့ OPPO Reno 5G ကို ဖြန့်ချိမယ်လို့ကြေညာထားပြီး Sunrise တယ်လီကွန်းကတော့ မေလ ၂ ရက်နေ့မှာ Huawei Mate 20 X (5G) နဲ့Xiaomi Mi Mi 3 5G တို့ကို ရောင်းချသွားမယ်လို့Android Police မှာ ဖော်ပြထားပါတယ်။



Photo: androidpolice

         OPPO Reno စီးရီး ဗားရှင်း နှစ်မျိုး ကို ဥရောပဈေးကွက်မှာ ဧပြီ ၂၄ ရက်နေ့က ဖြန့်ချိထားပြီး Reno 5G ဟာ 10x hybrid zoom နဲ့လာပြီး 256GB storage ပါရှိမှာပါ။ ဒီဖုန်းကိုတော့ ဆွစ်ဖရန့်ငွေ ၉၉၉ ဖရန့်( မြန်မာငွေ ၁၅ သိန်း နီးပါး) ဈေးနဲ့အွန်လိုင်း ၊ Offline စတိုးတွေမှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ နောက်ထပ် ဝင်ရောက်မယ့် ဖုန်းတစ်လုံးကတော့ Xiaomi ကနေ ထုတ်တဲ့ Mi Mix 3 5G ပါ။

         Xiaomi Mi Mix 3 5G ဟာ ရိုးရိုး Mi Mix 3 ကို အဆင့်မြှင့်ထားတာ ဖြစ်ပြီး Snapdragon 855 SoC နဲ့ထွက်လာတာ ဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon X50 modem သုံးထားပြီး 5G ရတဲ့ slider ဖုန်းလည်း ဖြစ်ပါတယ်။ ဒီဖုန်းကိုတော့ ဆွစ်ဇာလန်နိုင်ငံ Sunrise တယ်လီကွန်းကနေ ဆွစ်ဖရန့်ငွေ ၈၄၇ ဖရန့် ( မြန်မာငွေ ၁၂ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

Photo: GSMArena

         ဆွစ်ဇာလန်ဈေးကွက်ထဲ ဝင်ရောက်လာမယ့် နောက်ထပ် ဖုန်းတစ်လုံးကတော့ 5000 mAh ဘက်ထရီနဲ့လာတဲ့ Huwei Mate 20 X 5G ဖြစ်ပြီး တက်ဘလက်အရွယ်အစား နီးပါးရှိတဲ့ မျက်နှာပြင် ၇.၂ လက်မ OLED display နဲ့လာပါတယ်။ ကျောဘက်မှာ Leica ရဲ့ ကင်မရာ ၃ လုံး သုံးထားတဲ့ ဒီဖုန်းကိုတော့ ဆွစ်ဖရန့်ငွေ ၉၉၇ ဖရန့် မြန်မာငွေ ၁၄ သိန်း ၉ သောင်းခန့်) နဲ့ရောင်းချသွားမှာပါ။

         Sunrise ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ပထမဆုံး 5G ကွန်ရက်ဖြန့်ကျက်ထားတဲ့ တယ်လီကွန်းဖြစ်ပြီး ဧပြီလအစကတည်းက မြို့ပေါင်း ၁၅၀ ကျော်မှာ 5G ကွန်ရက် လွှမ်းခြုံထားတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က