ပြီးခဲ့တဲ့နှစ်က အိန္ဒိယဈေးကွက်ကနေ ထွက်ခွာခဲ့ပါတယ်။

တစ်ခါကတော့ HTC ဟာ အန်းဒရိုက်ဖုန်းလောကမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။

         HTC ဟာ စမတ်ဖုန်းဈေးကွက်ဝေစု ကျဆင်းလာပြီးနောက် တရုတ်ဈေးကွက်ကနေ မကြာခင် ထွက်ခွာသွားဖို့ဆုံးဖြတ်ချက် ချလိုက်တယ်လို့Android Central က ဖော်ပြထားပါတယ်။ တရုတ်လူမှုကွန်ရက် Weibo မှာတော့ HTC စမတ်ဖုန်းတွေဟာ TMall နဲ့JD.com အွန်လိုင်းစတိုးတွေကနေ ရောင်းချတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။



Photo: Android Authority

         " HTC တရုတ်ဈေးကွက်ရဲ့ ရေရှည် စီးပွားရေးဗျူဟာကို သုံးသပ်ပြီးနောက် HTC မိုဘိုင်းဖုန်းတွေ ရောင်းချတဲ့ Jingdong flagship စတိုးတွေနဲ့Tmall flagship store တွေကို ယာယီ ပိတ်သွားဖို့ရှိပါတယ်။ HTC ရဲ့ Official Mall နဲ့HTC VIVE Flagship စတိုးတွေကနေ HTC စမတ်ဖုန်းနဲ့ဆက်စပ်အသုံးဆောင်တွေကတော့ ဝယ်လို့ရဦးမှာပါ။ pre-sale နဲ့after-sale ဝန်ဆောင်မှုတွေကတော့ အရင်တိုင်း ဆက်ပေးသွားမှာပါ" လို့ဖော်ပြထားပါတယ်။

         HTC official အွန်လိုင်းစတိုးမှာ စမတ်ဖုန်းတွေ တင်ထားတုန်း ဖြစ်ပြီး ရှန်းကျင့်မှာ ရှိတဲ့ physical store ကိုလည်း လာရောက် ဝယ်ယူနိုင်မယ့်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း တလောကမှ ဝင်ထားတဲ့ ဖုန်းတွေထဲက တစ်ချို့ဟာ official ဝက်ဘ်ဆိုက်မှာတော့ ပစ္စည်းပြတ်နေကြောင်း Out of Stock လို့တင်ထားတာ တွေ့ရပါတယ်။

Photo: Pinterest

         ပြီးခဲ့တဲ့နှစ်ကလည်း HTC ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်တစ်ခု ဖြစ်တဲ့ အိန္ဒိယကနေ ထွက်ခွာခဲ့ပါတယ်။ ပြိုင်ဘက်တွေ ဖြစ်တဲ့ Xiaomi ၊ Vivo နဲ့OPPO တို့ရဲ့ ဈေးကွက်အားကောင်းမှုနဲ့အတူ ၂၀၁၈ ဇူလိုင်လထဲမှာ အိန္ဒိယဈေးကွက်ကနေ ထွက်ခဲ့တာပါ။ ထိုအချိန်က HTC ဟာ အိန္ဒိယဈေးကွက်ဝေစုရဲ့ ၁% အောက်မှာပဲ ရှိခဲ့ပါတယ်။

         HTC ဟာ ထိုင်ဝမ်စမတ်ဖုန်းဌာနက ဝန်ထမ်းပေါင်း ၁၅၀၀ ကိုလည်း အလုပ်ဖြုတ်သွားမယ်လို့ကြေညာထားပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းအထိ အမေရိကန်ဖုန်းဈေးကွက်မှာ ထိပ်တန်း ဖုန်းကုမ္ပဏီအဖြစ် ရှိခဲ့တဲ့ HTC ဟာ ဒီနေ့အချိန်မှာတော့ ဝ.၃% အောက်ပဲ ပိုင်ဆိုင်တော့တယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က