ဈေးကွက်မှာ အများနဲ့ကွဲထွက်နေတဲ့ ဖုန်းတွေပါ
Nyein Min Wai

အန်းဒရိုက်စနစ် သုံးတာချင်းတူတာနဲ့ပဲ ဖုန်းတိုင်းကို အတူတူလို့ပဲ မှတ်လို့မရတော့ပါဘူး။ နည်းပညာဆန်းသစ်ချက်သစ် တွေနဲ့ဒီနေ့ခေတ် စမတ်ဖုန်းလောကဟာ brand အလိုက် ဆန်းပြားမှုတွေ ဆောင်ယူလာပြီ ဖြစ်ပါတယ်။

အခုမိတ်ဆက်ပေးသွားမယ့် စမတ်ဖုန်းတွေကတော့ ဈေးကွက်မှာ သူ့မူ ၊ သူဟန် နဲ့ခြားနားနေတဲ့ စမတ်ဖုန်းတွေပါ။

 

(၁) Blockchain စမတ်ဖုန်း

1 (1).jpg

photo: Business Wire

 

ဒီဖုန်းကို သာမန်စမတ်ဖုန်းသုံးသူတွေက သတိထားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် crypto ငွေကြေး အလွဲှအပြောင်းတွေ လုပ်နိုင် ၊ သိမ်းနိုင်တာကြောင့် cryptocurrency လောကမှာတော့ ထူးခြားနေတဲ့ ဖုန်းပါ။ Foxconn နဲ့Sirin Labs တို့ပေါင်းပြီး လာမယ့် နိုဝင်ဘာလထဲမှာ ထုတ်သွားမယ့် Sirin Labs Finney ဟာ blockchain feature တွေပါတဲ့ တကယ့် crypto ဖုန်းဖြစ်ပါတယ်။

cold wallet အဖြစ် crypto တွေ သိမ်းနိုင်မယ့် ဒီဖုန်းဟာ crypto tokens တွေ အလိုအလျောက် ပြောင်းလဲနိုင်မယ့် Sirin OS ကို အခြေခံပြီး Android 8.1 Oreo စနစ်သုံးသွားမယ်လို့ဆိုပါတယ်။

 

(၂) ပရိုကင်မရာသမားတွေအတွက် အထူးဖုန်း

RED_HYDROGEN_ONE.0.jpeg

photo: dpreview

 

ကင်မရာကောင်းတယ်ဆိုတာ ဘာလဲဆိုတာ သိချင်ရင် ဒီဖုန်းသုံးလို့ညွှန်းရမှာပါ။ အကြောင်းကတော့ အမေရိကန် ဒစ်ဂျစ်တယ် ရုပ်ရှင်ကင်မရာကုမ္ပဏီ RED ကနေ ထုတ်လိုက်တဲ့ Hydrogen One ဖုန်းဖြစ်လို့ပါပဲ။

ဒီဖုန်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အထူးမျက်မှန်အကူအညီမပါဘဲ 3D အတွေ့အကြုံခံစားနိုင်မယ့် holographic phone ပဲ ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၇ လက်မရှိတဲ့ ဒီဖုန်းဟာ holographic display ကနေ 3D content များ ၊ interactive games ကို သုံးနိုင်တဲ့ နာနိုနည်းပညာသုံးထားတယ်လို့ဆိုပါတယ်။

RED Hydrogen One ဟာ RED ရဲ့ 4-View video format ကို သုံးပြီး 3D effect တွေကို display ကနေတစ်ဆင့် ဖော်ပြပေးနိုင်ပြီး အလူမီနီယံမော်ဒယ်ကို ၁၁၉၅ ဒေါ်လာ (မြန်မာငွေ ၁၆ သိန်းကျော်) နဲ့တိုက်တေနီယံမော်ဒယ်ကိုတော့ ၁၅၉၅ ဒေါ်လာ (မြန်မာငွေ ၂၁ သိန်းခွဲကျော်) သတ်မှတ်ထားလို့တော်ရုံလူကတော့ စိတ်ဝင်စားရုံနဲ့ဝယ်ဖို့တွန့်သွားလောက်ပါတယ်။

 

(၃) QWERTY ကီးဘုတ်နဲ့စမတ်ဖုန်း

maxresdefault.jpg

photo: ytimg

 

ဒီဖုန်းကိုတော့ အားလုံးသိမှာပါ။ ရှေး QWERTY ကီးဘုတ် ၃၅ လုံးနဲ့အတူ စမတ်feature တွေ ပါတဲ့ BlackBerry KEY2 ဟာ စာရိုက်လို့ပိုလွယ်အောင် ကီးတွေကို ၂၀% ထုမြှင့်ပေးထားပါတယ်။ ကျောဘက် dual cameras ကို Blackberry Key series ထဲမှာ ပထမဆုံး သုံးလာပြီး ကီးဘုတ်လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားပါတယ်။

ဥပမာ- Speed Key ဆိုတဲ့ ကိုယ်ကြိုက်တဲ့ app တွေကို အချိန်မရွေး အမြန်ယူသုံးနိုင်သလို ၊ ကိုယ့်ဖုန်းနံပါတ်စာရင်းထဲက favorite contact တစ်ခုကို ဖုန်းခေါ်တာတို့စတဲ့ shortcuts သုံးနိုင်မယ့် key တစ်ခု ပါလာပါတယ်။  ဒါမျိုး keyboard ပေါ်က keys ပေါင်း ၅၂ခုထဲက ကြိုက်ရာ key ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ဖုန်းထဲက ဖိုင်နဲ့စာရွက်စာတမ်းတွေအတွက် အဆင့်မြင့်လုံခြုံရေးအခန်းတစ်ခုလို ကာကွယ်ပေးမယ့် Locker mode ၊ ဘက်ထရီအားသွင်းနေကျအချိန်ကို သတိပေးမယ့် Power Center စနစ်တို့လည်း ထည့်သွင်းထားပြီး ဒေါ်လာ ၆၅၀ ဈေးနဲ့ရောင်းချနေပါတယ်။

 

(၄) တက်ဘလက်လိုပါ သုံးနိုင်တဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်း

oeyjcfdumxisdobodgtu.jpg

photo: Gizmodo Australia

 

စမတ်ဖုန်းလောကကို လှုပ်ခတ်စေခဲ့တဲ့ ဖုန်းတစ်မျိုးကို ZTE က ထုတ်လုပ်ခဲ့ပါတယ်။ ZTE Axon M မှာ မျက်နှာပြင် ၅.၂ လက်မ display နှစ်ခုပါရှိပြီး အလည်က ပတ္တာတစ်ခုနဲ့display ကို ဆက်ထားပါတယ်။ display နှစ်ခု ဖြန့်ထားချိန်မှာ မျက်နှာပြင် ၆.၇၅ လက်မ display ရှိပြီး multitasking လုပ်နိုင်လို့M လို့ထည့်ထားတာပါ။

screen mode ၄ ခုပါတဲ့ ဒီဖုန်းကို ၇၂၅ ဒေါ်လာဈေးနဲ့ရောင်းချခဲ့ပါတယ်။

 

(၅) သူဌေးတွေအကြိုက် flip phone

DLPlljTWkAAN4tC-696x464.jpg

photo: the techwire

 

တကယ်လို့iPhone X ဈေးမျိုးနဲ့ခေါက်ဖုန်းတစ်လုံး ဝယ်မလားဆိုရင် တော်ရုံလူ ငြင်းမယ် ထင်ပါတယ်။ Samsung W2018 က သက်သေပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ်မှာ မိတ်ဆက်သွားခဲ့တဲ့ W2018 ဟာ မျက်နှာပြင် ၄.၂ လက်မ Full HD dual Displaysနှစ်စုံ ပါရှိပြီး ထိုအချိန်က အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 835 Chipset ၊ RAM 6GB/256GB storage အထိ ပါလာခဲ့တာပါ။

Bixby အသံအကူ AI assistant နည်းပညာကို ပထမဆုံး သုံးလာတဲ့ W2018 flip phone ကို တရုတ်မှာ ၁၅၉၉၉ ယွမ် (မြန်မာငွေ ၃၄ သိန်းကျော်) ဈေးနဲ့ရောင်းချခဲ့လို့လက်ရှိ high-end ဆိုတဲ့ အန်းဒရိုက်ဖုန်းတွေ လိုက်မမှီတဲ့ ဈေးဖြစ်နေပါတယ်။

 

(၆) ကင်မရာဝှက်ထားတဲ့ ဖုန်းများ

1531394730_oppo-find-x.jpg

photo: ibtimes

 

full-screen ဖုန်းဖြစ်ဖို့အရေးကြီးဆုံးတစ်ခုက ရှေ့ကင်မရာဘယ်လို ဖျောက်မလဲဆိုတဲ့ အချက်ပါ။ notch ထားပြီး ကင်မရာကို နေရာကျဉ်းကျဉ်းပဲ ပေးတာထက် ပိုပြီး ဆန်းသစ်ကွဲပြားတဲ့ စနစ်ကို Oppo နဲ့Vivo က စပြီး မိတ်ဆက်သွားပါတယ်။

Vivo NEX နဲ့Oppo Find X တို့ကို ကြည့်ပါ။ ကမ္ဘာမှာ mechanical slider သုံး ကင်မရာစနစ်ဟာ မကြာခင်မှာ under-display fingerprint နည်းပညာလိုမျိုး လူကြိုက်များလာဖို့ရှိပါတယ်။

 

(၇) ဂိမ်းဖုန်းများ

Untitled-50-695x525.png

photo: GearOpen

 

ကမ္ဘာပေါ်မှာ ပထမဆုံး gaming smartphone စစ်စစ်ဟာ Razer Phone က စပါတယ်။ နောက်ပိုင်းမှာ Xiaomi ကလည်း Black Shark ၊ ZTE ရဲ့ Nubia Red Magic နဲ့Asus ROG (Republic of Gamers) ဖုန်းတွေကတော့ ဂိမ်မာတွေ အကြိုက် စမတ်ဖုန်းတွေ ဖြစ်လာပါတယ်။

ဒီဖုန်းတွေထဲမှာ ASUS ROG ဖုန်းကလွဲရင် ကျန်တဲ့ ဖုန်းတွေရဲ့ ဈေးတွေ သိပြီးသားပါ။ 120 Hz fresh rate screen နဲ့လာတဲ့ Razer Phone က ဒေါ်လာ ၇၀၀ နဲ့ဈေးအကြီးဆုံး ဖြစ်ပြီး Nubia Red Magic က မြန်မာငွေ ၅ သိန်းကျော် ၆ သိန်းဈေးနဲ့ဈေးအနည်းဆုံး ဖြစ်နေပါတယ်။

အခုပြောခဲ့တာတွေကတော့ စမတ်ဖုန်းဈေးကွက်မှာ မြင်ရခဲတဲ့ နည်းပညာဆန်းပြားတဲ့ စမတ်ဖုန်းများ အကြောင်းပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ နောက်ထပ် ဘယ်လို ထူးခြားတဲ့ စမတ်ဖုန်းတွေ မြင်ရမလဲဆိုတာကတော့ နောက်ထပ်စိတ်ဝင်စားစရာ မေးခွန်းတစ်ခုလည်း ဖြစ်မှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က