ဂိမ်းဖုန်းတစ်လုံးလို အအေးပေးစနစ်တွေ နဲ့လာမှာပါ

LG ရဲ့ ပရီမီယံတန်းဝင် V series ထဲက အသစ်ထွက်လာမယ့် LG V50 ဟာ ဒီနှစ်ကစပြီး ခေတ်စားလာမယ့် အစောဆုံး 5G ဖုန်းတွေထဲ တစ်လုံးဖြစ်ပါတယ်။

         ဘာစီလိုနာမှာ ကျင်းပမယ့် MWC 2019 ပွဲမှာ 5G logo တပ်ပြီး မိတ်ဆက်မယ့် LG V50 ThinQ အကြောင်းကို နာမည်ကြီး စမတ်ဖုန်းသတင်းသမား အီဗန်ဘလတ်စ်က Twitter မှာ ပုံနဲ့တကွ မိတ်ဆက်ထားပါတယ်။ Sprint တယ်လီကွန်းရဲ့ 5G ကွန်ရက်မှာ သုံးနိုင်မယ့် မော်ဒယ်ဖြစ်တဲ့ LG V50 ThinQ ဟာ ကျောဘက်မှာ fingerprint scanner ပါတဲ့အပြင် အဝါရောင်နဲ့5G တံဆိပ်တပ်ပေးထားတာ တွေ့ရပါတယ်။

         ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ LED falsh နဲ့အတူ အလျားလိုက် triple lens ကင်မရာတွေ ပါရှိမှာပါ။ notch display နဲ့အတူ ဘောင်တွေကို ပါးနိုင်သမျှ ပါးထားတဲ့ LG V50 ThinQ ဟာ ရှေ့ဘက် notch ထဲမှာ dual selfie lens တွေ သုံးထားလို့စုစုပေါင်း ကင်မရာ ၅ လုံးအထိ ပါလာမယ့် ဖုန်းလို့သတင်းပြေးနေပါတယ်။ 5G ဖုန်းလို့ပြောနိုင်တဲ့ အချက်က LG V50 ThinQ ဟာ X50 5G modem ပါဝင်တဲ့ Qualcomm Snapdragon 855 chipset သုံးထားတာပါပဲ။



Photo: Android Authority

         ThinQ စီးရီးမော်ဒယ်တွေဟာ LG ရဲ့ ကိုယ်ပိုင် AI နည်းပညာ ပါဝင်ပြီး ပထမဆုံး ThinQ AI နည်းပညာပါတဲ့ ဖုန်းကတော့ LG V30S ThinQ ဖြစ်ပါတယ်။ ThinQ AI နည်းပညာဟာ LG ထုတ် နည်းပညာဖြစ်ပြီး မြင်ကွင်းများနဲ့အရာဝတ္ထုများကို ဖတ်ရှုမှတ်သားနိုင်ရုံတင်မဟုတ်ဘဲ အကောင်းဆုံး ဓါတ်ပုံထွက်ဖို့အတွက် ကင်မရာ settings ကိုပါ အလိုအလျောက် ချိန်ညှိပေးနိုင်မှာပါ။

         ဘက်ထရီစနစ်အနေနဲ့LG ရဲ့ ပထမဆုံး 5G ဖုန်းဟာ 4000 mAh ဘက်ထရီသုံးဖို့ရှိပြီး ဖုန်းအပူလွန်ကဲမှုကို ထိန်းညှိဖို့အဆင့်မြင့် အအေးခံစနစ်လည်း ပါဝင်မယ်လို့ဆိုပါတယ်။ LG V50 ThinQ အရင် မိတ်ဆက်ထားတဲ့ LG G7 ThinQ လို မော်ဒယ်တွေမှာ glass body ၊ wireless charging စနစ်တွေ ပါလာခဲ့လို့LG V50 ThinQ မှာလည်း ကြိုးမဲ့အားသွင်းစနစ် ပါလာမှာပါ။

         လက်ရှိ ကြားရသမျှ အချက်အလက်တွေအရ LG V50 ThinQ ဟာ 5G ရတဲ့ နိုင်ငံတွေမှာ အတော့်ကို လူကြိုက်များမယ့် တန်ဖိုးကြီး ဖုန်းဖြစ်ဖို့ရှိပါတယ်။ တကယ်တမ်း မိတ်ဆက်ချိန်မှာ ဒီထက်မက စိတ်ဝင်စားစရာ အချက်အလက်သစ်တွေ ကြားသိရဦးမှာပါ။

Share

Loading Next Article...
က္က