စက်တင်ဘာ ၁ ရက်နေ့ မိတ်ဆက်သွားမှာပါ

notch တွေ pop-up တွေနဲ့ punch-hole ဖုန်းဒီဇိုင်းတွေ ငြီးငွေ့နေသူတွေအတွက် Under-display ကင်မရာပါတဲ့ ZTE ဖုန်းဟာ စိတ်ဝင်စားစရာကောင်းမှာ သေချာပါတယ်။

ပြီးခဲ့တဲ့လထဲမှာ ZTE ဟာ မှန်ပြင်အောက် ကင်မရာသုံးထားတဲ့ 5G စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဖုန်းကို ZTE Axon 20 5G လို့ နာမည်ပေးထားပြီး လက်ရှိစမတ်ဖုန်းတွေလို မျက်စိနဲ့ မြင်သာတဲ့ pop-up ၊ punch-hole နဲ့ notch ကင်မရာတွေအစား under-display ကင်မရာ သုံးသွားမှာ ဖြစ်ပါတယ်။



Photo: Engadget


under-display ကင်မရာသုံး နမူနာဖုန်းတွေကို OPPO အပါအဝင် တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ချို့ မိတ်ဆက်ထားပေမယ့် ဈေးကွက်ဝင်ဖုန်းတစ်လုံးအနေနဲ့ ပထမဆုံး မြင်ရမှာ ZTE Axon 20 5G ပဲ ဖြစ်ပါတယ်။ ZTE Axon 20 5G ကို စက်တင်ဘာ ၁ ရက်နေ့ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

  မျက်နှာပြင် ၆.၉၂ လက်မ OLED display သုံးသွားဖို့ ရှိပြီး Snapdragon 765G processor ကို သုံးလာဖို့ ရှိပါတယ်။ RAM 12GB/256GB storage ဗားရှင်းအထိ ပါဖို့ ရှိပြီး ဘက်ထရီပါဝါအနေနဲ့ 4120mAh နဲ့ လာမယ်လို့ သတင်းပြေးနေပါတယ်။ ရှေ့ကင်မရာဟာ 32MP selfie ကင်မရာ ဖြစ်ပြီး ကျောဘက်မှာ 64MP primary lens ပါ လေးလုံးတွဲကင်မရာ သုံးသွားဖို့လည်း ရှိပါတယ်။

လောလောဆယ် ZTE ရဲ့ Mobile Devices ဥက္ကဌ နီဖိုင်ရဲ့ Weibo လူမှုကွန်ရက်ပေါ်က ပုံအရ ကျောဘက်မှာ စတုဂံပုံစံ ထောင်လိုက် ကင်မရာ ၄ လုံးတန်းစနစ် သုံးထားပြီး ခလုတ်အားလုံးကို ညာဘက်ခြမ်းမှာပဲ ထည့်သွင်းထားတာ တွေ့နေရပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာတော့ ဒီဖုန်းအကြောင်း အချက်အလက် အပြည့်အစုံကို သိရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က