pop-up ကင်မရာသုံးထားပါတယ်

Huawei ကတော့ နည်းပညာသစ်တွေနဲ့ ကုမ္ပဏီရဲ့ ပထမဆုံး OLED စမတ်တီဗွီကို မိတ်ဆက်သွားတော့မှာပါ။



Huawei Smart TV X65 ဟာ နာမည်အတိုင်း မျက်နှာပြင် ၆၅ လက်မအရွယ်အစား OLED panel ပါရှိမယ်လို့ ဆိုပါတယ်။ display အပေါ်ဘက်မှာ 24MP wide- angle pop-up ကင်မရာ တပ်ဆင်ထားပြီး screen ပုံရိပ်ကို ပိုပြီး သဘာဝကျတဲ့ အရောင်အသွေးဖြစ်အောင် ချိန်ညှိပေးမယ့် Ambient Sensor တစ်ခုလည်း ပါလာမှာပါ။


Photo: techgenyz

full screen အသံလုပ်ဆောင်ချက်တွေရဖို့ မှန်ပြင်အောက် စပီကာ ၁၄ လုံး သုံးထားမယ်လို့လည်း ကုမ္ပဏီရဲ့ တရားဝင် Weibo အကောင့်က ဆိုပါတယ်။ under-display speakers တွေဟာ ပတ်ပတ်လည် အသံခံစားမှု ပေးနိုင်ပြီး အခန်းအနေအထားကို သိနိုင်တဲ့ စနစ် ပါရှိပါတယ်။ ဒီစနစ်မှာတော့ အခန်းဖွဲ့စည်းပုံကို သိဖို့ အသံလှိုင်းလွှင့်ပြီး တုန့်ပြန်ချက်ကို ပြန်ဖမ်းယူတာ ဖြစ်ပါတယ်။ 

ဒီစမတ်တီဗွီဟာ အသံနဲ့ remote control မလိုဘဲ Huawei P40 ဖုန်းတွေမှာလိုပဲ အမူအယာနဲ့ အလွယ်တကူ ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့လည်း Huawei Consumer Business Group ရဲ့ CEO ရစ်ချတ်ယုက ပြောထားပါတယ်။ Huawei Smart TV X65 မှာ Huaewi NPU သုံးပြီး လူရဲ့ မျက်လုံးနဲ့ ကိုယ်ဟန်အမူအယာကိုပါ ခြေရာခံနိုင်ဖို့ ရှိတယ်လို့လည်း GSMArena သတင်းက ဆိုပါတယ်။

OS စနစ်အနေနဲ့ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ဖြန့်ချိခဲ့တဲ့ Huawei ရဲ့ ကိုယ်ပိုင် HongMeng OS ပဲ သုံးလာမှာပါ။ Huawei Smart TV X65 ကို ဧပြီ ၈ ရက်နေ့ ဂျပန်မှာ မိတ်ဆက်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဈေးနှုန်းနဲ့ ဖြန့်ချိသွားမယ့်အချိန်ကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က