စရောင်းတဲ့နေ့မှာ အလုံးရေ ၂ သိန်း ၁ သောင်းအထိ ရောင်းချနိုင်ခဲ့ပါတယ်
Nyein Min Wai

မြန်မာငွေ ၂ သိန်းဝန်းကျင်ဈေးနဲ့ရောင်းချနေတဲ့ Realme 3 ကတော့ ဈေးကွက်မှာ best seller စာရင်းဝင် ဖုန်းဖြစ်နေပါပြီ။

Photo: gsmarena

         Realme 3 ဟာ မတ်လ ၁၂ ရက်နေ့အိန္ဒိယဈေးကွက်မှာ စတင်ရောင်းချခဲ့တဲ့ ဖုန်းဖြစ်ပါ။ ဈေးကွက်ထဲ ရောက်ပြီး ၃ ပတ်အကြာမှာ အလုံးရေ ၅ သိန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ကြေညာခဲ့တာ ဖြစ်ပါတယ်။ Realme.com နဲ့Flipkart အွန်လိုင်း စတိုးတွေမှာ ရောင်းချခဲ့တာ ဖြစ်ပြီး နောက်တစ်ကြိမ် ဈေးကွက်ထဲ ဝင်မယ့်ရက်ကတော့ ဧပြီ ၉ ရက်နေ့ဖြစ်မယ်လို့ဆိုပါတယ်။

         Realme ဖုန်းတွေထဲမှာ Realme 3 ဟာ ရောင်းအားအကောင်းဆုံးဖုန်းဖြစ်ပြီး စရောင်းတဲ့နေ့မှာ အလုံးရေ ၂ သိန်းရောင်းချနိုင်ခဲ့သလို စုစုပေါင်းရောင်းအား ၂ သန်းကျော် ရောင်းချနိုင်ခဲ့တာပါ။ Realme 3 ကို ဈေးကွက်မှာ စတင်ရောင်းချခဲ့တဲ့ နေ့က စုစုပေါင်း အလုံးရေ ၂ သိန်း ၁ သောင်းအထိ ရောင်းချနိုင်ခဲ့တာဖြစ်လို့Realme 3 ဟာ သူ့အရင် best seller brand ကို ကျော်ဖို့အလားအလာ ကောင်းနေပါတယ်။

         Realme 3 ဟာ မျက်နှာပြင်အကြီးစားဖြစ်တဲ့ ၆.၂၂ လက်မ LCD screen ၊ waterdrop notch တို့နဲ့လာပြီး ကျောဘက်မှာ dual cameras နဲ့fingerprint scanner ပါရှိပါတယ်။ ဒီဖုန်းဟာ ဘက်ထရီပါဝါကောင်းကောင်းကို အားပြုထားတဲ့ 4230mAh ဘက်ထရီနဲ့လာပြီး Helio P70 လို အလတ်တန်းစား processor သုံးထားတာပါ။

Photo: funofphone

Fast Charging စနစ် မပါသေးတာနဲ့USB Type C မသုံးထားပေမယ့် ကျောဘက် 13MP နဲ့2MP ကင်မရာနှစ်လုံးမှာ AI နည်းပညာပါတဲ့ NightScape နဲ့Chroma Boost လို ဆော့ဖ်ဝဲလ်ပိုင်းဆန်းသစ်မှုတွေ ထည့်သွင်းလာပါတယ်။ NightScape ဟာ ညမြင်ကွင်းလိုမျိုး အလင်းအားနည်းချိန် ရိုက်ချက်တွေအတွက် ပံ့ပိုးချက်တွေ ပါပြီး Chroma Boost ကတော့ ပုံမှာ ကာလာစပ်တာ အပြင် နောက်ခံ အလင်းနဲ့ပုံဖောက်တာတွေ ပါဝင်လာပါတယ်။

         ပြီးခဲ့တဲ့နှစ်က OPPO ရဲ့ sub-brand အဖြစ် Realme စီးရီးတွေ ထွက်လာပြီးနောက် တစ်နှစ်အတွင်း အိန္ဒိယဈေးကွက် နောက်ဆုံးသုံးလပတ်မှာ ရောင်းအားအကောင်းဆုံးဖုန်း အမှတ်တံဆိပ်ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ပထမဆုံး Realme ဖုန်းအဖြစ် ထွက်လာတာ ဖြစ်ပြီး RAM 3GB/32GB storage နဲ့RAM 4GB/64GB storage ဆိုပြီး ဗားရှင်း နှစ်မျိုးနဲ့မိတ်ဆက်လိုက်တာပါ။

         Realme 3 ရဲ့ အနိမ့်ဆုံးမော်ဒယ် RAM 3GB/32GB storage ဟာ အိန္ဒိယဈေးကွက်မှာ ၈၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းနီးပါး) နဲ့RAM 4GB/64GB မော်ဒယ်ကို ၁၀၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၄ သောင်းနီးပါး) ဈေးနဲ့ရောင်းချနေတာ ဖြစ်ပါတယ်။


က္က