တတိယသုံးလပတ်အတွင်း ကြေညာသွားမှာပါ

44W အမြန်အားသွင်းစနစ် ပါတဲ့ Vivo 5G ဖုန်းသစ်ကတော့ မကြာခင် ဈေးကွက်မှာ မြင်ရတော့မှာပါ။


Vivo ရဲ့ ပထမဆုံး 5G ဖုန်း ဟာ V1916A မော်ဒယ်နံပါတ်နဲ့3C ထောက်ခံချက်အေဂျင်စီကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ Vivo iQOO 5G ဖြစ်ဖို့ရှိပြီး 3C စာရင်းမှာ Vivo V1916A မော်ဒယ်ဟာ 44W fast charging ပေးနိုင်တဲ့ Vivo V3030A-CN charger သုံးမယ်လို့ဖော်ပြထားပါတယ်။




Photo: TechNave

Vivo ဟာ ပြီးခဲ့တဲ ဇွန်လထဲမှာ ကျင်းပသွားခဲ့တဲ့ MWC Shanghai ပွဲမှာ ကတည်းက Vivo iQOO 5G မိတ်ဆက်မယ့်အကြောင်း ကြေညာခဲ့တာပါ။ ဒီဖုန်းဟာ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ FunTouch OS 9.0 နဲ့လာမှာ ဖြစ်ပြီး ဘက်ထရီကတော့ 44W fast charging ပါတဲ့ 4000 mAh ဘက်ထရီ ဖြစ်ပါတယ်။

ရှန်ဟိုင်းမှာ ကျင်းပတဲ့ MWC 2019 မှာ Vivo ဟာ 120W charging အထိ အားသွင်းနည်းပညာသစ်နဲ့AR မျက်မှန်တစ်မျိုးလည်း ကြေညာသွားပါတယ်။ 120W charging ကြောင့် ၅ မိနစ်အားသွင်းတာနဲ့ဖုန်းဘက်ထရီဟာ ၅၀% ပြည့်မယ်လို့ဆိုပါတယ်။

Vivo ဟာ iQOO 5G နဲ့အတူ 3D video နဲ့AR ဂိမ်းတွေ ကစားနိုင်မယ့် 720p screen နှစ်ခုသုံး AR မျက်မှန်လည်း မိတ်ဆက်သွားခဲ့ပါတယ်။ AR apps တွေ နဲ့game streaming ဝန်ဆောင်မှူတွေ သုံးနိုင်မယ့် မျက်မှန်ရဲ့ ဈေးနှူန်းကို မကြေညာခဲ့ပါဘူး။

5G ရမယ့် ဖုန်းဖြစ်တာကြောင့် Vivo iQOO 5G ဟာ 2.8 4GHz octa-core Snapdragon 855 SoC နဲ့လာဖို့ရှိပြီး RAM/storage မှာတော့ 12GB/256GB အထိ သုံးသွားဖို့ရှိနေပါတယ်။ waterdrop notch ဒီဇိုင်းသုံးပြီး ကျောဘက်မှာ triple lens သုံးသွားမယ်လို့သတင်း ထွက်နေပါတယ်။

Photo: GSMArena

Vivo iQOO 5G ဟာ မျက်နှာပြင် ၆.၄ လက်မ အရွယ်အစားနဲ့လာဖို့ရှိပြီး Super AMOlED display သုံးသွားဖို့ရှိနေပါတယ်။ waterdrop notch ထဲမှာတော့ 12MP ဆယ်လ်ဖီကင်မရာကို သုံးသွားဖို့ရှိပြီး ကျောဘက်မှာ 12MP ကင်မရာ ၊ 13MP ultra-wide ကင်မရာနဲ့2MP depth sensor တို့ပါလာမယ်လို့ယူဆရပါတယ်။

Vivo iQOO 5G ကို တတိယသုံးလပတ်အတွင်း ဈေးကွက်မှာ မိတ်ဆက်သွားဖို့ရှိပြီး ဈေးနှူန်းနဲ့ထွက်မယ့်ရက် မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က