ဘယ်လိုဖုုန်းတွေ မိတ်ဆက်သွားမလဲ

တရုတ်စမတ်ဖုန်း brands အများစုမှာ sub-brands ဆိုပြီး တံဆိပ်ခွဲတွေ ရှိပါတယ်။ Vivo ရဲ့ sub-brand ကတော့ အခုမှ ဈေးကွက်နဲ့မိတ်ဆက်ဖို့ပြင်နေတုန်းပဲ ရှိနေပါတယ်။

         တရုတ်နှစ်သစ်ကူးကာလနဲ့အတူ Vivo ဟာ IQOO ဆိုတဲ့ brand တစ်ခုကို မိတ်ဆက်ထားပါတယ်။ IQOO ကို အခုထိတော့ ဘယ်လို အသံထွက်ရမလဲ မသိသေးပါဘူး။ ဒီ brand ရဲ့ weibo အကောင့်မှာလည်း "ကျွန်တော်တို့ရဲ့ နာမည်ကို ဘယ်လိုဖတ်ရသလဲ သိပါသလား" လို့မေးထားတဲ့ ပို့စ်တင်ထားပြီး ၃ နာရီအတွင်း comment ပေါင်း ၁၃၀၀ ကျော်လာဖြေထားပါတယ်။



Photo: Gizmochina

         Vivo ရဲ့ IQOO အမှတ်တံဆိပ်သစ်ဟာ ဘယ်ဈေးကွက်ကို ပစ်မှတ်ထားပါသလဲ။ တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ZTE ပိုင် Nubia ဟာ Red Magic ဂိမ်းဖုန်းကို ပြီးခဲ့တဲ့နှစ်က စပြီး မိတ်ဆက်ခဲ့ပါတယ်။ Vivo IQOO ကရော ပရီမီယံဂိမ်းဖုန်းတွေဆီ ဦးတည်မယ့် brand တစ်ခုလား။

         လောလောဆယ်မှာတော့ iqoo.com နာမည်နဲ့ဝက်ဘ်ဆိုက်တစ်ခု ရှိပေမယ့် အထဲမှာ Vivo အကြောင်း အချက်အလက်ပဲ တင်ထားပြီး ကုမ္ပဏီသစ်အကြောင်းကတော့ မတွေ့ရသေးပါဘူး။ Vivo ၊ OPPO နဲ့OnePlus တို့ဟာ BBK Electronics လုပ်ငန်းစုအောက်မှာ ရပ်တည်နေတဲ့ စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်ပါတယ်။ မကြာသေးမီက OPPO ကလည်း Realme ဆိုတဲ့ အမှတ်တံဆိပ်သစ်ကို ထုတ်ပြီး သီးသန့်ရပ်တည်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က