ပြိုင်ဘက်တွေထက် ဈေးပိုသက်သာတဲ့ high-end မော်ဒယ်ဖုန်းတွေ ထုတ်လုပ်လာနေတဲ့ OnePlus ဟာ ဒီနှစ်ထွက်မယ့် ဖုန်းသစ်မှာ အပြောင်းအလဲတစ်ခု လုပ်ထားပါတယ်။

OnePlus တွေဟာ နောက်ဆုံးပေါ် processor နဲ့ အမိုက်စား specs တွေ သုံးထားပေမယ့် wireless charging ကိုတော့ အခုထိ သုံးလာတာ မတွေ့ရသေးပါဘူး။ OnePlus 8 မှာ ဒီအချက်ကို ပြောင်းလဲသွားမှာ ဖြစ်ပြီး မြင်ဖူးသမျှ wireless charging စနစ်တွေထဲမှာ အမြန်ဆုံးထဲက တစ်ခုလို့တောင် တွေ့ရဖို့ ရှိပါတယ်။



ကုမ္ပဏီရဲ့ ဖိုရမ်မှာ ပြန်မျှဝေတဲ့ Global Product Team ရဲ့ အချက်အလက်အရ OnePlus 8 ဟာ Warp Charge ကြိုးမဲ့အားသွင်း charger တစ်ခု ပါလာမယ်လို့ ဆိုပါတယ်။ ဒီအားသွင်းစနစ်ဟာ မိနစ် ၃၀ အတွင်း ဖုန်းအား ၅၀% သွင်းပေးနိုင်မှာ ဖြစ်လို့ Cable နဲ့ အားသွင်းနေတဲ့ လက်ရှိဖုန်းအားသွင်းစနစ် အများစုထက်တောင် မြန်မှာပါ။


Photo: The Next Web

OnePlus 8 ကြိုးမဲ့အားသွင်းစနစ်ဟာ 30W power ထွက်မယ်လို့ ဆိုပါတယ်။ Huweri Mate 30 Pro မှာ သုံးထားတဲ့ 27W charging နဲ့ ယှဉ်ကြည့်လို့ရပါတယ်။ လက်ရှိအမြန်ဆုံး Wireless charging စနစ်ကတော့ Huawei P40 Pro Plus ရဲ့ 40W အားသွင်းစနစ်ပါ။ OnePlus 8 Pro ဟာ 3W reverse Wireless charging လည်း ပါရှိမယ်လို့ ဆိုပါတယ်။

OnePlus 8/8 Pro တို့ဟာ Snapdragon 865 processor သုံးထားပြီး ၆.၅၅ လက်မနဲ့ ၆.၇၈ လက်မ QuadHD+ resolution ပါလာမှာပါ။ Super AMOLED display သုံးထားပြီး 90Hz နဲ့ 120Hz refresh rate တွေနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ display ဟာ HDR10+ ပံ့ပိုးထားပြီး in-screen လက်ဗွေစနစ် ပါရှိပါတယ်။

punch-hole screen နဲ့ လာပြီး ရှေ့ ဆယ်လ်ဖီကင်မရာဟာ EIS ရုပ်ငြိမ်စနစ်နဲ့အတူ 1080 30fps ရုပ်သံရိုက်ကူးမှု လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ OnePlus 8 ဟာ ကျောဘက်မှာ dual LED flash နဲ့အတူ သုံးလုံးတွဲ ကင်မရာတွေ ဖြစ်တဲ့ 48MP (OIS+EIS) ၊ ၁၁၆ ဒီဂရီ မြင်ကွင်းကျယ်ရိုက်နိုင်မယ့် 16MP ultra-wide sensor နဲ့ 2MP macro lens တွေ သုံးသွားမှာပါ။ 

Photo: 91mobiles

Pro မော်ဒယ်ကတော့ 48MP Sony IMX689 main sensor အပြင် ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် Sony IMX586 sensor ၊ 3x optical ၊ 30x digital နဲ့ OIS ရုပ်ငြိမ်စနစ်တွေ ပါတဲ့ 8MP telephoto ၊ PDAF နဲ့အတူ 5MP color filter ဆိုပြီး ကင်မရာ လေးလုံးတွဲ သုံးသွားမှာပါ။ ဖုန်းနှစ်လုံးစလုံးဟာ 60fps 4K ဗွီဒီယိုရိုက်ကူးရေးစနစ်တွေ ပံ့ပိုးပေးထားပါတယ်။

OnePlus 8 series သစ်တွေဟာ Dolby Atmos စတီရီယိုစပီကာ ၊ 5G ကွန်ရက်ချိတ်ဆက်မှု ၊ IP68 rating ရေစိုခံနှုန်းတွေ ပါလာမှာပါ။ Onyx Black ၊ Glacial Green နဲ့ Interstellar Glow ကာလာ ၃ ရောင်နဲ့ ထွက်ပြီး RAM 8GB/128GB နဲ့ RAM 12GB/256GB storage ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လာမှာပါ။

OnePlus 8 ဟာ ဥရောပဈေးကွက်မှာ ၇၂၉ ယူရို (မြန်မာငွေ ၁၁ သိန်း ၄ သောင်းခန့်) နဲ့ ၈၃၅ ယူရို (မြန်မာငွေ ၁၃ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ OnePlus 8 Pro ကတော့ ယူရို ၉၃၀ (မြန်မာငွေ ၁၄ သိန်းခွဲခန့်) နဲ့ ၁၀၂၀ ယူရို (မြန်မာငွေ ၁၆ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က