prototype အနေနဲ့မိတ်ဆက်သွားမှာပါ

စမတ်ဖုန်းတစ်လုံးမှာ ကင်မရာ ဘယ်နှစ်လုံးလိုမလဲ။ DSLR လို အဆင့်မြင့် ဓါတ်ပုံကင်မရာစွမ်းဆောင်ရည်သုံးနိုင်ဖို့ကင်မရာ ၉ လုံးအထိ သုံးဖို့လိုမလား။



photo: SlashGear

 

ဒီမေးခွန်းတွေအတွက် အဖြေမသိရသေးပေမယ့် ကင်မရာ ၉ လုံးပါမယ့် ဖုန်းတစ်လုံးကတော့ တစ်နှစ်မဟုတ် တစ်နှစ်မြင်ရဖို့ဆိုတာ သေချာသလောက် ရှိနေပါတယ်။ iPhone အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ ပံ့ပိုးထုတ်လုပ်ပေးနေတဲ့ Foxconn ဟာ Light ဆိုတဲ့ အမေရိကန် စမတ်ဖုန်းကင်မရာကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှပ်နှံမှုလုပ်ဆောင်ထားရာကနေ ဒီသတင်းထွက်လာတာပါ။ Light ဟာ စမတ်ဖုန်းအတွက် multiple lens ကင်မရာစနစ်များကို ထုတ်လုပ်နေတာပါ။

၂၀၁၆ ခုနှစ်မှာ Light ဟာ ကင်မရာ lens မော်ကျူး ၁၆ ခု ပါတဲ့ L16 ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီ L16 ဟာ DSLR အရည်အသွေးမြင့် ဓါတ်ပုံတွေကို lens မျိုးစုံ သုံးပြီး focal lenght အစုံကနေ ရိုက်ကူးနိုင်သလို ဒီမှန်ဘီလူးတွေအားလုံးပေါင်းပြီး 52MP ဓါတ်ပုံတစ်ပုံလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ Washington Post သတင်းအရ Light ဟာ ဒီတစ်ကြိမ်မှာ ကျောဘက် ကင်မရာမှန်ဘီလူး lens ၉ ခုပါ တဲ့ ကင်မရာနည်းပညာကို စမတ်ဖုန်းတစ်ခုမှာ သုံးဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။

prototye အနေနဲ့မိတ်ဆက်သွားဖို့ရှိတဲ့ ဒီစမတ်ဖုန်းတွေအကြောင်း မသိရသေးပေမယ့် ကျောဘက်မှာ အနည်းဆုံး ကင်မရာ ၅ လုံးကနေ ၉ လုံးအထိ ပါလာမှာ စြဖ်ပြီး 64MP ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာအများကြီး သုံးသွားပေမယ့် ဒီဖုန်းဟာ iPhone X ထက်တောင် နည်းနည်း ပိုပါးလွှာမယ်လို့ဆိုပါတယ်။ ဒီဖုန်းရဲ့ specs အကြောင်း မသိရသေးပေမယ့် ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိတယ်လို့လည်း သတင်းထွက်ထားပါတယ်။

Light L16

 

Light ဟာ L16 ကင်မရာကို ၁၉၅၀ ဒေါ်လာ ဈေးနဲ့ရောင်းချခဲ့တာပါ။ ဒီအချက်ကို ကြည့်ရင် ကင်မရာ ၉ လုံးနဲ့စမတ်ဖုန်းဈေးကို မှန်းကြည့်လို့ရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ dual ၊ triple လောက်ပဲ ခေတ်စားသေးတဲ့ ဒီအချိန်မှာ ကင်မရာ ၉ လုံးနဲ့ဖုန်းဟာ အထူးခြားဆုံး ဖြစ်သွားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က