၂၀၁၈ ခုနှစ်အတွင်း အလုံးရေ သန်း ၂၀၀ အထိ ရောင်းချနိုင်ဖို့ရှိပါတယ်။

ဒီပမာဏဟာ ကုမ္ပဏီရဲ့ ၂၀၁၈ ပန်းတိုင်ရဲ့ တစ်ဝက်ပဲ ရှိပါသေးတယ်။



Huawei-announces-shipments-of-100-million-smartphones-so-far-this-year.jpg

photo: Phone Arena

 

Huawei ရဲ့ Mobile ဌာနဟာ ဇူလိုင် ၁၈ ရက်နေ့က စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ကုမ္ပဏီ သမိုင်းမှာ ရောင်းအားအသွက်ဆုံး မှတ်တမ်းသစ်ကို စိုက်ထူနိုင်ခဲ့တယ်လို့ကြေငြာထားပါတယ်။ ကုမ္ပဏီရဲ့ မိုဘိုင်းဌာနအကြီးအကဲဖြစ်သူ ရစ်ချတ်ယုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

"အရင်က Huawei ဖုန်းပေါင်း အလုံးရေ သန်း၁၀၀ ရောင်းချနိုင်ခဲ့တဲ့ မှတ်တမ်းတွေက ၂၀၁၅ မှာဆို ဒီဇင်ဘာ ၂၂ ရက် ၊ ၂၀၁၆ မှာဆို အောက်တိုဘာလ ၁၄ ရက်နဲ့၂၀၁၇ မှာတော့ စက်တင်ဘာလ ၁၂ ရက်နေ့တွေ ဖြစ်ပါတယ်။အခုချိန်မှာတော့ ကုမ္ပဏီဟာ ၆ လကျော်အတွင်းကိုပဲ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆို ကျွန်တော်တို့ရည်မှန်းထားတာကတော့ ဒီနှစ် ၂၀၁၈ အကုန်မှာ စမတ်ဖုန်းပေါင်း သန်း ၂၀၀ ရောင်းချနိုင်ဖို့ပါ" လို့ရစ်ချတ်ယုက product သစ် မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

Apple ဟာ ၂၀၁၇ ခုနှစ်အတွင်း စမတ်ဖုန်းပေါင်း ၂၁၅ သန်းအထိ ရောင်းချနိုင်ခဲ့တာ ဖြစ်လို့Huawei ရဲ့ ရည်မှန်းချက်ဟာ Apple နဲ့အနီးကပ်ဆုံး ယှဉ်ဖိုက်နိုင်ဖို့ဆိုတာ သိသာနေပါတယ်။ ပြီးခဲ့တဲ့ ပထမ တတိယသုံးလပတ်အတွင်း Apple ရဲ့ ရောင်းအားဟာ အရင်နှစ်ကထက် ၂.၈ % ပိုတက်လာပေမယ့် Huawei ရဲ့ ရောင်းအားက ပိုပြီး ခြိမ်းခြောက်နိုင်လောက်အောင် မြင့်တက်နေတာပါ။

ရစ်ချတ်ယုရဲ့ အဆိုအရ Huawei ရဲ့ စမတ်ဖုန်းရောင်းအားဟာ ပြီးခဲ့တဲ့ ၇ နှစ်ကနဲ့ယှဉ်ရင် ၅၁ ဆအထိ ရောင်းအားထိုးတက်နေတာကလည်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအိပ်မက်အတွက် Huawei ဟာ ရေပန်းစားနေတာပါ။ ကမ္ဘာ့ဒုတိယအကြီးဆုံး အမေရိကန်စမတ်ဖုန်းဈေးကွက်မှာ ဝင်ခွင့်မရသေးတဲ့ Huawei ဟာ အိန္ဒိယမှာလည်း ရောင်းအားကောင်းနေတယ်လို့ဆိုပါတယ်။

Huawei ထုတ် Honor 10 ဟာ အိန္ဒိယဈေးကွက်မှာ ၃ လ မပြည့်ခင် စမတ်ဖုန်းပေါင်း ၃ သန်းကျော် ရောင်းချနိုင်တဲ့ မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်ထားပါတယ်။အထူးသဖြင့် တန်ဖိုးသင့် တရုတ် mid-range ဖုန်းဈေးကွက်ဟာ Apple နဲ့Samsung တို့လို တန်ဖိုးကြီး ထုတ်ကုန်များအတွက် စိုးရိမ်စရာလည်း ဖြစ်နေပါတယ်။

photo: GSMArena

 

ဈေးကွက်စစ်တမ်းများအရ Huawei ရဲ့ ၂၀၁၈ ဒုတိယသုံးလပတ်ရောင်းအားဟာ Apple ကို ကျော်တက်ဖို့ရှိနေပြီး မကြာခင်မှာ Samsung နဲ့စမတ်ဖုန်းရောင်းအား ပုခုံးချင်း ယှဉ်နိုင်ဖို့လည်း ရှိနေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က