ဈေးကွက်ထဲ ဝင်တာ ၃ လတောင် မပြည့်သေးတဲ့ ဖုန်းပါ

လက်ရှိအချက်အလက်တွေအရ Redmi Note 7 ဟာ တစ်ရက်ကို ဖုန်းအလုံးရေ ၅ သောင်းဝန်းကျင် ရောင်းချနေတယ်လို့ဆိုနိုင်ပါတယ်။

Photo: gsmarena



         Redmi Note 7 ဟာ ဇန်နဝါရီ ၁၀ ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့တဲ့ ဖုန်းမော်ဒယ်ဖြစ်ပြီး တရုတ်ဈေးကွက်အတွင်း ပထမဆုံးလမှာ စမတ်ဖုန်းပေါင်း ၁ သန်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီဖုန်းကို Redmi Note 7 Pro နဲ့အတူ အိန္ဒိယဈေးကွက်မှာ ဖေဖော်ဝါရီ ၂၈ ရောက်မှ ဖြန့်ချိခဲ့တာ ဖြစ်ပြီး အခုဆို အိန္ဒိယအပြင် ဥရောပဈေးကွက်တွေမှာပါ မိတ်ဆက်ထားပါတယ်။

         Xiaomi ရဲ့ CEO Lei Jun ကတော့ သူ့ရဲ့ Weib ကနေ ကုမ္ပဏီရဲ့ နှစ်စဉ်ရလဒ်များအကြောင်း ခန့်မှန်းရာမှာ Redmi Note 7 နဲ့Note 7 Pro တို့ဟာ မတ်လကုန်ပိုင်းမှာ အလုံးရေ ၄ သန်းအထိ ရောင်းချနိုင်ဖို့ရှိတယ်လို့ဆိုပါတယ်။ Redmi series တွေဟာ Xiaomi ရဲ့ ရောင်းအားအကောင်းဆုံး brand တွေလို့ပြောနိုင်ပါတယ်။

         အစောပိုင်းက အိန္ဒိယမှာ လူကြိုက်အများဆုံး Xiaomi ဖုန်းဟာ Redmi Note 4 ဖြစ်ပြီး ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခြောက်လအတွင်း အလုံးရေး ၅ သန်းအထိ ရောင်းချနိုင်ခဲ့ပါတယ်။ ဒီဖုန်းဟာ အိန္ဒိယဈေးကွက်မှာ ခြောက်လလုံးလုံး ရောင်းအားအကောင်ဆုံး ဖုန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ Redmi series ထဲမှာ အိန္ဒိယဈေးကွက်ရဲ့ အကြိုက်တွေ့တဲ့ ဖုန်းတစ်လုံးက Redmi 4A ဖြစ်ပြီး flash sale စလို့ပထမ ၄ မိနစ်အတွင်းမှာ အလုံးရေ ၂ သိန်းခွဲအထိ ရောင်းချနိုင်ခဲ့တာပါ။

Photo: livemint

         Xiaomi ဟာ အိန္ဒိယမှာ နောက်တစ်ပတ်ထဲ flash sale အဖြစ် ဒီတစ်ပတ်ထဲ ထွက်ထားတဲ့ Redmi 7 ကို ရောင်းချသွားမယ်လို့ဆိုတာကြောင့် Redmi ရောင်းအားက ထင်ထားတာထက် ပိုမြင့်တက်လာဖို့ရှိပါတယ်။ Snapdragon 632 processor ၊ အကြီးစား 4000 mAh ဘက်ထရီနဲ့dual camera တွေ သုံးထားတဲ့ Redmi 7 ဟာ အနည်းဆုံး မြန်မာငွေ ၁ သိန်း ၆ သောင်းခန့်ကနေ အများဆုံးမှ မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်ဈေးနဲ့ပဲ ထွက်ထားတဲ့ တန်ဖိုးနည်း ဖုန်းဖြစ်ပါတယ်။

         Redmi Note 7 နဲ့Note 7 Pro တို့ကတော့ 48MP ကင်မရာနဲ့တန်ဖိုးသင့်ဈေးကြောင့် နာမည်ကြီးတာပါ။ ရိုးရိုး မော်ဒယ်မှာ Samsung ထုတ် 48MP ကင်မရာသုံးထားပြီး Pro ဗားရှင်းကတော့ နာမည်ကြီး Sony IMX586 sensor နဲ့လာတာ ဖြစ်ပါတယ်။ ဒီဖုန်းတွေဟာ Xiaomi အတွက် မှတ်တိုင်သစ်စိုက်ထူသွားမလား စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က