မျက်နှာပြင်ပိုကြီးမယ်လို့ဆိုပါတယ်။

Meizu X series စမတ်ဖုန်းသစ်ဟာ Xiaomi Mi 8 SE အတွက် ပြိုင်ဘက်ဖြစ်မယ်ဆိုတာ ယုံသလား။



Photo: mobilissimo

 

Qualcomm ရဲ့ mid-range processor သစ်ဖြစ်တဲ့ Snapdragon 710 SoC ကို ပထမဆုံး သုံးလာတဲ့ Xiaomi Mi 8 SE ဟာ တန်ဖိုးသင့် ဖုန်းတွေထဲမှာ ရှားပါးတဲ့ ဖုန်းကောင်းတစ်လုံးဖြစ်ပေမယ့် Meizu ဟာ မကြာခင်မှာ ဒီဖုန်းထက်  သာတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က Meizu ကုမ္ပဏီ တည်ထောင်သူ ဂျက်ဝမ်က ပြောကြားခဲ့တာ ဖြစ်ပြီး Meizu ဟာ Meizu X8 နာမည်နဲ့ဖုန်းသစ်ကို ထုတ်လုပ်နေတယ်လို့ပြောခဲ့တာပါ။ ဒီဖုန်းဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ထွက်ရှိထားတဲ့ Xiaomi Mi 8 SE လိုပဲ Snapdragon 710 SoC ပါပြီး ပိုကောင်းတဲ့ ဖုန်းဖြစ်မယ်လို့ဆိုပါတယ်။ Meizu X8 နဲ့ Xiaomi Mi 8 SE မှာ နောက်ထပ်တူညီတဲ့ တစ်ချက်ကတော့ in-display fingerprint scanner မပါရှိတာပါပဲ။ ဒါဆို Meizu X8 ဟာ Xiaomi Mi 8 SE ထက် ဘယ်အပိုင်းတွေမှာ ပိုသာမလဲ။

Meizu X8 ဟာ မျက်နှာပြင်အရွယ်အစားမှာ Mi 8 SE ထက် ပိုကြီးမယ်လို့ဆိုပါတယ်။ Xiaomi Mi 8 SE ဟာ Samsung ရဲ့ အကောင်းဆုံး display နည်းပညာဖြစ်တဲ့ Super AMOLED display သုံးထားပြီး မျက်နှာပြင် ၅.၈၈ လက်မပါရှိထားတာပါ။ ရုပ်ထွက်ပိုင်းမှာ (2244 x 1080p) FHD+ display ဖြစ်ပြီး နေရောင်အောက်မှာ screen ကို ကောင်းကောင်းမြင်နိုင်လို့အတော်လေးကောင်းတဲ့ display လို့ဆိုရမှာပါ။ Meizu X8 ဟာ display အရွယ်အစားနဲ့စွမ်းဆောင်ရည်မှာ Mi 8 SE ထက် သာမလား။

Xiaomi Mi 8 SE ဟာ low-light 20MP selfie ကင်မရာနဲ့AI portrait စနစ်များ ရိုက်ကူးနိုင်မယ့် 12MP+5MP dual cameras တွေ သုံးထားတာပါ။ လက်ရှိ တရုတ်မှာလူကြိုက်များနေတဲ့ မြန်မာငွေ ၄ သိန်း ပတ်ချာလည် ဖုန်းတွေထဲမှာ Mi 8 SE ဟာ ထိပ်ဆုံးက ပါဝင်နေမှာပါ။

photo: Gizmochina

 

Mi 8 SE အတွက် ပြိုင်ဘက်ကောင်းဖြစ်လာမယ်ဆိုတဲ့ Meizu X8 ကတော့ ယွမ် ၂၀၀၀ အောက် (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးဖြစ်မယ်လို့ဆိုတာကြောင့် ဒီဖုန်းကလည်း စောင့်ကြည့်ရမယ့် ဖုန်းကောင်းတစ်လုံး ဖြစ်ဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က