Mi Band 5 လည်း Global Launch လုပ်တော့မှာပါ

ကျန်းမာရေးသုံး စမတ်လက်ပတ်တွေထဲမှာ Xiaomi Mi Band 4 ဟာ ရောင်းအားအကောင်းဆုံးထုတ်ကုန်အဖြစ် ရပ်တည်နေပါတယ်။

Xiaomi ဟာ wearable ထုတ်ကုန်ဈေးကွက်မှာ အအောင်မြင်ဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ Xiaomi နိုင်ငံတကာဌာနတရားဝင် Twitter စာမျက်နှာမှာ ကုမ္ပဏီထုတ် Mi Band 4 ဟာ တစ်ကမ္ဘာလုံးမှာ ရောင်းအားအကောင်းဆုံး စမတ်လက်ပတ်ဖြစ်တယ်လို့ ဆိုပါတယ်။



Photo: gizchina

Canalys ဈေးကွက်သုတေသနကုမ္ပဏီကလည်း ၂၀၁၉ တတိယ သုံးလပတ်ကနေ ၂၀၂၀ ပထမသုံးလပတ်အထိ ၉ လအတွင်း Mi Band 4 ဟာ Best-Selling wearable band ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Xiaomi ဟာ ၂၀၁၄ နှစ်လယ်ပိုင်းမှာ တန်ဖိုးနည်း Mi Band စမတ်လက်ပတ်ကို စတင်ထုတ်လုပ်လာခဲ့တာပါ။

ပထမဆုံး ထုတ်လိုက်တဲ့ Mi Band ဟာ ၉ လအတွင်း အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၆ မှာ မိတ်ဆက်ခဲ့တဲ့ Mi Band 2 ဟာ ၂ လအတွင်း အလုံးရေ ၁ သန်းရောင်းချနိုင်ခဲ့ပြီး Mi Band 3 ကတော့ ၁၇ ရက်တည်းနဲ့ အရင် မော်ဒယ်တွေရဲ့ ရောင်းအားစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ Mi Band 4 ဟာ ၈ ရက်အတွင်း အလုံးရေ ၁ သန်းအထိ ရောင်းအားစံချိန်သစ်တင်ခဲ့ပါတယ်။

IDC ရဲ့ အစီရင်ခံစာသစ်အရ Xiaomi ဟာ ၂၀၁၄ ကနေ ၂၀၁၉ ခုနှစ်အတွင်း smart wearable ထုတ်ကုန်အရေအတွက် သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လလယ်ထဲမှာ Xiaomi ဟာ အဆင့်မြှင့်ထားတဲ့ features သစ်တွေနဲ့ Mi Band 5 စမတ်လက်ပတ်ကို မိတ်ဆက်ခဲ့ပါတယ်။ 

Xiaomi Mi Band 5 (Photo: xda-developers)


တရုတ်ဈေးကွက်မှာပဲ လက်ရှိဖြန့်ချိထားတဲ့ Mi Band 5 ဟာ Mi Band 4 ထက် ၂၀% ပိုကြီးတဲ့ AMOLED display ၊ အန်နီမေးရှင်းဇာတ်ကောင်တွေပါတဲ့ watchface သစ်ပေါင်း ၁၀၀ ကျော် ၊ sports mode ၁၁ ခုနဲ့ ပိုပြီး အဆင့်မြှင့်ထားတဲ့ အိပ်စက်မှု စောင့်ကြည့်စနစ်များလည်း ပါဝင်ပါတယ်။ စိတ်ဝင်စားစရာ features တွေထဲမှာ အမျိုးသမီးဓမ္မတာစက်ဝိုင်း စောင့်ကြည့်စနစ် ၊ PPG နှလုံခုန်တိုင်းစနစ် နဲ့အတူ အဝေးထိန်းကင်မရာ ရိုက်ကူးစနစ်တွေလည်း ထည့်သွင်းထားပါတယ်။

Mi Band 5 ကို တရုတ်ဈေးကွက်မှာ ၁၈၉ ယွမ် (မြန်မာငွေ ၃ သောင်း ၇ ထောင်ကျော်) ဈေးနဲ့ ရောင်းချထားပြီး လာမယ့် ဇူလိုင် ၁၅ ရက်နေ့မှာ ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က