ပရီမီယံဈေးနဲ့ရောင်းချသွားမယ့် 5G ဖုန်းတွေ ဖြစ်ပါတယ်။

Huawei ကတော့ 5G ကွန်ရက်ရတဲ့ ဖုန်းနှစ်မျိုးကို ယူကေဈေးကွက်ထဲ ဖြန့်ချိသွားမယ့်အကြောင်း ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

         ဇွန်လဆန်းထဲ ယူကေဈေးကွက်ထဲ ရောင်းချသွားမယ့် Huawei ထုတ် 5G ဖုန်နှစ်မျိုးကတော့ Huawei Mate 20 X (5G) ဗားရှင်းနဲ့Huawei Mate X တို့ဖြစ်ပြီး နှစ်မျိုးစလုံးဟာ တက်ဘလက်ဆိုဒ်အရွယ် မျက်နှာပြင်အကြီးစားနဲ့ထွက်ထားတာပါ။ Huawei Mate X ကတော့ ဈေးကွက်ထဲ မရောက်သေးတဲ့ မော်ဒယ်ဖြစ်ပြီး Mate 20 X ကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက Huawei Mate 20/20 Pro တို့နဲ့အတူ မိတ်ဆက်ခဲ့တဲ့ luxury မော်ဒယ် စမတ်ဖုန်း ဖြစ်ပါတယ်။



Huawei Mate 20 X (5G) ( Photo: T3.com )

         Huawei Mate 20 X (5G) ကတော့ မူရင်း Hauwei Mate 20 X ကို အဆင့်မြှင့်တင်ထားတဲ့ မော်ဒယ် ဖြစ်ပြီး Huawei Mate series ဖုန်းတွေထဲမှာ အမြင့်ဆုံး အရွယ်အစားဖြစ်တဲ့ ၇.၂ လက်မ OLED display နဲ့လာပါတယ်။ Gaming performance ကို ဦးတည် ထုတ်လုပ်ထားတဲ့ ဒီဖုန်းမှာ ရေငွေ့အအေးပေးစနစ်ကိုမှ ကာဗွန်အလွှာနဲ့အအေးခံတဲ့ နည်းပညာ ပေါင်းစပ်ထည့်သွင်းထားပါတယ်။

         5G ဗားရှင်း Huawei Mate 20 X မှာ dual speakers ၊ M-Pen Stylus ၊ Leica triple lens (40MP+20MP+8MP) သုံးလုံးတွဲ ကင်မရာတွေနဲ့အတူ 40W fast charging ပါတဲ့ 4200 mAh ဘက်ထရီများ ပါရှိပါတယ်။ Huawei Mate X နဲ့Mate 20 X 5G တို့ဟာ Huawei ရဲ့ အမြင့်ဆုံး processor ဖြစ်တဲ့ Kirin 980 processor ကို သုံးထားတဲ့ ဖုန်းတွေဖြစ်ပြီး ကမ္ဘာ့ပထမဆုံး 7nm 5G multi-mode chip ဖြစ်တဲ့ Huawei Balong 5000 modem ပါလာပါတယ်။

 Huawei Mate X ( Photo: TechRadar )

         Huawei Mate X ကတော့ 55W SuperCharge ရပြီး display ခေါက်သိမ်းနိုင်တဲ့ foldable phone အဖြစ် ထွက်လာတာပါ။ display ဖြန့်ထားချိန်မှာ မျက်နှာပြင် ၈ လက်မရှိတဲ့ ဒီဖုန်းဟာ ခေါက်ထားချိန်မှာ ၆.၆ လက်မ ရှေ့screen နဲ့၆.၃၈ လက်မအရွယ် ကျောဘက် screen ဆိုပြီး နှစ်ခု ဖြစ်လာမှာပါ။

         ကင်မရာအနေနဲ့Leica ရဲ့ ကျောဘက် သုံးလုံးတွဲ ကင်မရာစနစ်နဲ့ဆယ်လ်ဖီအတွက် တစ်ခုစုစုပေါင်း ကင်မရာ ၄ လုံး ၊ ပါဝါခလုတ်မှာ ထည့်သွင်းထားတဲ့ fingerprint sensor များပါရှိပြီး ကမ္ဘာ့အပါးလွှာဆုံး Foldable phone အနေနဲ့ထွက်လာတာပါ။ ဒီဖုန်းနှစ်လုံးမှာ သုံးထားတဲ့ Balong 5000 5G Modem ဟာ း ဒေါင်းလုပ် speed အနေနဲ့6.5Gbps အထိ ဆွဲနိုင်တဲ့ ကမ္ဘာ့အမြင့်ဆုံး benchmark ရထားပါတယ်။

         ယူကေဈေးကွက်မှာ Huawei Mate 20 X (5G) ဟာ ပေါင် စတာလင် ၉၉၉ ( မြန်မာငွေ ၁၉ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး မေလကုန်ပိုင်းမှာ Pre-order မှာနိုင်မယ်လို့ဆိုပါတယ်။ Huawei Mate X ကတော့ ဒေါ်လာ ၂၆၀၀ ( မြန်မာငွေ သိန်း ၄၀ နီးပါး) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က