Android stock ဗားရှင်းနဲ့ထွက်လာမှာပါ
Nyein Min Wai

တရုတ်မှာ Xiaomi Mi 6X နာမည်နဲ့မိတ်ဆက်သွားခဲ့တဲ့ Xiaomi Mi A2 ကတော့ Global Launch အနေနဲ့ဇူလိုင်နောက်ဆုံးအပတ်မှာ ဖြန့်ချိတော့မှာပါ။

gsmarena_002 (1).jpg

့photo: GSMArena

 

Xiaomi Mi A2 ဟာ OS စနစ်ပိုင်းမှာ MIUI 9.5 အုပ်ထားတဲ့ Mi 6X နဲ့တော့ ကွာပါတယ်။ Android Stock version နဲ့လာမယ့် ဒီဖုန်းဟာ Google ရဲ့ pure OS နဲ့လာပြီး အရင်နှစ်က ထွက်ထားတဲ့ Android One ပရောဂျက်ဖုန်း Xioami Mi A1 ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ဒီဖုန်းမှာ Xiaomi ရဲ့ scene recognition modes ပေါင်း ၂၀၀ ကျော်ကို ထည့်သွင်းလာမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။

မျက်နှာပြင်အရွယ်အစားပိုင်းမှာ Xiaomi Mi A2 ဟာ ၅.၉၉ လက်မ FHD+ (1080 x 2160p) display ပါရှိပြီး လက်ရှိခေတ်စားနေတဲ့ notch ပါမှာ မဟုတ်ပါဘူး။ processor ကိုတော့ Mi 6X မှာတိုင်း 2.2 GHz octa-core Snapdragon 660 SoC သုံးသွားမှာပါ။ RAM/storage ကတော့ အရင်နှစ် Mi A1 အတိုင်း 4GB+64GB အပြင် 6GB+128GB ဗားရှင်းလည်း ပါလာဖို့ရှိပါတယ်။

Xiaomi ရဲ့ ပထမဆုံး Andorid One ဖုန်းဖြစ်တဲ့ Mi A1 ဟာ 12MP dual cameras စနစ်နဲ ့လာပြီး ကင်မရာစနစ်မှာ ၂၀၁၇ ရဲ့ နာမည်ကြီး OnePlus 5 နဲ့iPhone 7 Plus တွေနဲ့ပါ ယှဉ်နိုင်တယ်လို့နာမည်ကြီးခဲ့တာပါ။ Mi A1 မှာ သုံးထားတဲ့ tele lens တွေဟာ 2x optical zoom ဆိုနိုင်သလို ဒီထက်ဝေးတဲ့ နေရာတွေအတွက် 10x digital zoom ဆွဲရိုက်နိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ပုံတွေကိုတော့ Google Photos မှာ စိတ်ကြိုက် unlimited ထည့်လို့ရမှာပါ။

Xiaomi Mi 6X မှာ AI အဆင့်မြင့် လုပ်ဆောင်ချက် အသားပေး ဖုန်းတစ်လုံးအနေနဲ့ပွဲထွက်လာပြီး ကင်မရာပိုင်းမှာ AI feature များစွာကို ထည့်သုံးခဲ့ပါတယ်။ Mi A2 ဟာ Sony ထုတ် 12MP + 20MP ထောင်လိုက် ကင်မရာနှစ်လုံးပါရှိပြီး ဒီကင်မရာတွေဟာ AI portrait ၊ face detection အစရှိတဲ့ နည်းပညာများ သုံးလို့ရမှာပါ။

Xiaomi Mi A2 ဖြစ်နိုင်ခြေ ဒီဇိုင်း (photo: GSMArena)

 

သတင်းတွေမှာတော့ Mi 6X နဲ့Mi A2 ဟာ Android စနစ်ပိုင်းကလွဲရင် ကျန်တာ တစ်ပုံစံတည်းလို့ဆိုပေမယ့် ဈေးကွက်မှာ မိတ်ဆက်သွားချိန်မှာ ဘယ်လို အပြောင်းအလဲတွေ ပါလာမလဲ စောင့်ကြည့်ရမှာပါ။ ဒီဖုန်းကို Xiaomi ရဲ့ ဥရောပဈေးကွက်တစ်ခု ဖြစ်တဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ မိတ်ဆက်သွားဖို့လည်း စီစဉ်ထားပါတယ်။


Author


က္က