ကျောဘက်မှာ Iron Man ခေါင်းဆောင်းဒီဇိုင်း LEDs တွေနဲ့ စိတ်ဝင်စားစရာ features တွေ ပါဝင်တဲ့ အကြမ်းခံဖုန်းစစ်စစ်တစ်မျိုးကို Doogee မှ မိတ်ဆက်သွားပါတယ်။

Doogee S88 Pro ဟာ Rugged Phone လို့ ခေါ်နေကြတဲ့ အကြမ်းပတမ်းသုံးနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ဖုန်းပါ။ ကိုယ်ထည်ဟာ အမြင့်ကနေ လွတ်ကျတဲ့ ဒဏ် ၊ ဖိအားနဲ့ အပူချိန်တွေကို အံ့ဩစရာကောင်းလောက်အောင် ခံနိုင်ရည် ရှိနေပါတယ်။ ဒီဖုန်းဟာ ကြမ်းတမ်းမာကျောတဲ့ မျက်နှာပြင်တွေပေါ် အမြင့် ၅ ပေခန့်ကနေ လွတ်ကျတဲ့ ဒဏ်ခံနိုင်ပြီး ချောမွေ့တဲ့ မျက်နှာပြင်တွေပေါ်ကိုတော့ အမြင့် ၆ ပေခွဲကနေ အကြိမ်ထောင်နဲ့ချီ သိသာတဲ့ ပျက်စီးမှုမဖြစ်ဘဲ လွတ်ကျတဲ့ဒဏ်ကို ခံနိုင်မယ်လို့ ဆိုပါတယ်။


Photo: newatlas


အလွန်ပူပြင်းတဲ့နေရောင်အောက်နဲ့ PH 4.17 အထိ ရှိတဲ့ အက်ဆစ်ဓါတ်မြင့်တဲ့ ပတ်ဝန်းကျင်တွေမှာလည်း အသုံးပြုနိုင်မှာပါ။ အပူချိန် အနုတ် ၅၅ ဒီဂရီစင်တီဂရိတ်အထိ အေးခဲနေတဲ့ အနေအထားမှာ ၄ နာရီကြာအောင် အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။ Doogee S88 Pro ဟာ IP68K rating ခံနိုင်ရည်ရှိခဲ့ပြီး ‌ရေအနက် ၅ ပေခန့်မှာ ၂ နာရီ နဲ့ ရေအနက် ၃ ပေကျော်မှာ တစ်ရက်လုံး ရေစိမ်ခံနိုင်မှာပါ။

အမာခံကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့ ဒီဖုန်းဟာ waterdrop notch display နဲ့ လာပြီး ကျောဘက်ကင်မရာနဲ့ ဒီဇိုင်းဖွဲ့စည်းမှုဟာလည်း ဆွဲဆောင်မှု ရှိတဲ့ ဖုန်းဖြစ်ပါတယ်။ ကျောဘက်အလယ်မှာ စတုရန်းကွက်ပုံစံ Triple lens သုံးထားပြီး ကင်မရာရဲ့ အောက်မှာ Iron Man မျက်လုံးနှစ်လုံးပုံစံ LED noti အလင်းနှစ်ခု ပါရှိပါတယ်။ ဖုန်းဘေးမှာလည်း customizable button နှစ်ခုနဲ့ fingerprint reader တစ်ခု တပ်ဆင်ထားပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၃ လက်မ 1080p screen သုံးထားပြီး waterdrop notch ထဲမှာ 16MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။ Doogee S88 Pro ရဲ့ ဘက်ထရီဟာ စိတ်ဝင်စားစရာအကောင်းဆုံး feature ထဲမှာ ပါရှိပါတယ်။ standby အခြေအနေမှာ တစ်လအထိ ထားနိုင်ပြီး 3D games တွေကို ၁၉ နာရီ ဆက်တိုက် ကစားနိုင်မယ်လို့ ဆိုပါတယ်။

Photo: GSMArena

Doogee S88 Pro ဟာ 10W wireless charging လည်း သုံးနိုင်သလို တစ်ခြားဖုန်းတွေကိုလည်း 5W Reverse Wireless charging နဲ့ အားပြန်သွင်းပေးနိုင်မှာပါ။ MediaTek Helio P70 chipset သုံးထားပြီး RAM 6GB/128GB storage ပါရှိသလို microSD card ကနေလည်း ထပ်ပြီး storage မြှင့်နိုင်မှာပါ။ ကျောဘက်မှာ 21MP ကင်မရာ ၊ 8MP ultrawide ကင်မရာနဲ့ 8MP depth sensor ဆိုပြီး ကင်မရာသုံးလုံး သုံးထားပါတယ်။

Android 10 ဆော့ဖ်ဝဲလ်နဲ့ လာပြီး အနက်ရောင် ၊ စစ်စိမ်းရောင် နဲ့ လိမ္မော်ရောင် ကာလာတွေနဲ့ ထွက်ထားပါတယ်။ pre-order မှာမယ်ဆိုရင် ဒေါ်လာ ၂၀၀( မြန်မာငွေ ၂ သိန်း ၈ သောင်းကျော်) ဈေး ကျသင့်ပြီး ပုံမှန်ဈေးအနေနဲ့ ဒေါ်လာ ၂၅၀ (မြန်မာငွေ ၃သိန်းခွဲ) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က