ultra-thin optical in-display လက်ဗွေစနစ်ကို ပထမဆုံး သုံးတဲ့ ဖုန်းပါ
Nyein Min Wai

DxOMark မှာ Huawei Mate 30 Pro နဲ့ overall score ရမှတ်ချင်း တူတဲ့ ဖုန်းသစ်ကို Xiaomi က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Xiaomi Mi CC9 Pro ဟာ Samsung ISOCELL Bright HXX sensor 108MP ကင်မရာကို ပထမဆုံး သုံးလာတဲ့ ဈေးကွက်ဝင်ဖုန်းပါ။ 108MP sensor ကို Xiaomi ရဲ့ concept ဖုန်း Mi Mix Alpha မှာ ပထမဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Mi CC9 Pro မှာ ပြောစရာအဖြစ်ဆုံး အချက်က ကျောဘက်က ကင်မရာတွေ ဖြစ်ပြီး penta-lens လို့ခေါ်တဲ့ ထောင်လိုက် ကင်မရာ ၅ လုံးတွဲနဲ့ လာပါတယ်။

Photo: Android Authority

ကမ္ဘာ့ပထမဆုံး f/1.7 8P lens 108MP ကင်မရာပါတဲ့ Mi CC9 Pro ( premium edition) ရဲ့ penta-lens ကင်မရာစနစ်မှာ 5x optical zoom ပံ့ပိုးမှုပေးတဲ့ 5MP super telephoto lens ပါပါတယ်။ ဒီကင်မရာဟာ OIS ရုပ်ငြိမ်စနစ် သုံးထားပြီး 50x digital zoom အထိ ဖမ်းနိုင်မှာပါ။ နောက်ထပ် 12MP tele lens ကလည်း 2x zoom ဆွဲနိုင်ပြီး နောက်ထပ် ကင်မရာနှစ်လုံးကတော့ 20MP ultrawide ကင်မရာနဲ့ ၁.၅ စင်တီမီတာအတွင်း အသေးစိတ် focus ကပ်ဖမ်းနိုင်မယ့် 2MP macro lens ဆိုပြီး ပါရှိပါတယ်။

zooming ပိုင်း အံ့အားသင့်စရာ လုပ်ဆောင်ချက်တွေနဲ့အတူ Mi CC9 Pro ဟာ AI Beauty ၊ AI Scene Recognition ၊ portrait mode ၊ Super Night Scene mode နဲ့ 4K Video ရိုက်ကူးနိုင်တဲ့စနစ်တွေ ပံ့ပိုးပေးထားပါတယ်။ DxOMarks မှာတော့ Mi CC9 Pro ဟာ ဓါတ်ပုံရိုက်ချက် စမ်းသပ်မှုမှာ ပျမ်းမျှ အမှတ် ၁၃၀ နဲ့ ရုပ်သံရိုက်ကူးမှုမှာ ၁၀၂ မှတ် ရထားပါတယ်။

ကျောဘက်မှာ တိုက်ရိုက်နေရောင် hard light နဲ့ အရိပ်ကျနေတဲ့ soft lightအတွက် ချိန်ညှိပေးမယ့် dual-LED flashes နှစ်ခု (စုစုပေါင်း LED flash ၄ခု) ပါရှိပါတယ်။ lens ၅ ခု LED flash ၄ခု အတွဲဟာ စမတ်ဖုန်းတစ်လုံးရဲ့ စိတ်လှုပ်ရှားဖို့အကောင်းဆုံး ကင်မရာအတွဲအစပ် ဖြစ်သလို အလွန်ကို အသေးစိတ်တဲ့ ဓါတ်ပုံတွေနဲ့ ပြောင်မြောက်တဲ့ အလင်းအားနည်းရိုက်ချက်ချက်တွေ ဖန်တီးရာမှာ အလွန်ကို အားကောင်းနေမှာပါ။

ရှေ့ display ဟာ ဘေးဘောင်ကွေး curved edges နဲ့လာပြီး 32MP f/2.0 ကင်မရာဟာ waterdrop notch ထဲမှာ ထည့်သွင်းထားပါတယ်။ ၆.၄၇ လက်မ Super AMOLED display ဟာ noti တစ်ခုခု တက်လာတိုင်း ဘေးဘောင် edges တွေမှာ မျက်စိပသာဒဖြစ်စရာ lighting feature ပါရှိပါတယ်။ နောက်ထပ် ထူးခြားတာက Mi CC9 Pro ဟာ ကမ္ဘာ့ပထမဆုံး ultra-thin optical in-dispaly လက်ဗွေစနစ် သုံးထားခြင်းပဲ ဖြစ်ပါတယ်။ လက်ဗွေဖတ်မယ့်နေရာ ပိုကျယ်ပြန့်လာပြီး လက်ချောင်းတွေ ရေစိုနေချိန်မှာတောင် unlock လုပ်လို့ရမှာပါ။

Photo: gizmochina


Xiaomi ဟာ Snapdragon 855+SoC ပြီးရင် Qualcomm ရဲ့ အကောင်းဆုံး processor လို့ခေါ်နိုင်တဲ့ Snapdragon 730G processor သုံးထားပါတယ်။RAM 8GB အထိ ပါလာပြီး အမြင့်ဆုံးမော်ဒယ်မှာဆို UFS 3.0 Storage သုံး 256GB ပါရှိပါတယ်။ ဘက်ထရီဟာ အတော်လေးကို ဟဲဗီးဖြစ်တဲ့ 5260mAh ကို သုံးထားပြီး 30W fast charging အားသွင်းစနစ် ပံ့ပိုးထားလို့ ၆၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ Mi CC9 Pro ဟာ Android 9 Pie ကို အခြေပြုထားတဲ့ MIUI 11 skin နဲ့လာပြီး Aurora Green ၊ Glacier White နဲ့ Midnight Black ကာလာ ၃ ရောင်နဲ့ထွက်ထားပါတယ်။ အနိမ့်ဆုံးမော်ဒယ်ဆိုတဲ့ RAM 6GB/128GB ဗားရှင်းကို ၂၇၉၉ ယွမ် ( မြန်မာငွေ ၆ သိန်းခန့်) ဈေးနဲ့ ရောင်းချနေပြီး RAM 8GB/128GB နဲ့ RAM 8GB/256GB (Premium Edition) ဗားရှင်းတွေကိုတော့ ၃၀၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၇ သောင်းကျော်)နဲ့ ၃၄၉၉ ယွမ် ( မြန်မာငွေ ၇ သိန်း ၆ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


က္က