မြန်မာငွေ ၈ သိန်း ၃ သောင်းကျော်ဈေးနဲ့ စတင်ရောင်းချသွားမှာပါ

Xiaomi ရဲ့ flagship ဖုန်းသစ်ကတော့ ၂၀၂၀ ထွက် အမိုက်စားဖုန်းတွေထဲမှာ ပြောစရာတစ်ခု ဖြစ်ကျန်တော့မှာပါ။

Xiaomi ဟာ Xiaomi Mi 10 နဲ့ Mi 10 Pro ဆိုပြီး ဖုန်းသစ် နှစ်မျိုးကို ကြေညာခဲ့တာ ဖြစ်ပြီး နှစ်မျိုးစလုံးဟာ selfie အတွက် display မှာ punch hole ကင်မရာပေါက် သုံးလာခဲ့ပါတယ်။ Mi brand အနေနဲ့ ပထမဆုံး punch hole သုံးလာတာ ဖြစ်ပြီး ဖုန်းနှစ်မျိုးစလုံးဟာ wireless charging စနစ် ပံ့ပိုးပေးထားပါတယ်။


Photo: The Verge



ဘေးဘောင်ကွေး မှန်ပြင်ဒီဇိုင်းကိုမှ 90Hz refresh rate ၆.၆၇ လက်မ OLED display နဲ့ လာပြီး ကျောဘက်မှာ လေးလုံးတွဲ ကင်မရာစနစ် သုံးထားတာပါ။ ကင်မရာလေးလုံးမှာ ပင်မကင်မရာအဖြစ် Mi Note 10 မှာ ပထမဆုံး မြင်ခဲ့ရတဲ့ 108MP ကင်မရာကို သုံးလာတာ ဖြစ်ပါတယ်။ ဒီပြင် စိတ်ဝင်စားစရာ features နဲ့ specs တွေကတော့ Snapdragon 865 processor ၊ dual-mode 5G စနစ် ၊ Wi-Fi 6 ချိတ်ဆက်မှု ၊ 12GB အထိ ထွက်ထားတဲ့ RAM နဲ့ wireless charging စနစ်တွေပါပဲ။

အစောပိုင်းက Mi 10 စီးရီး ဖုန်းသစ်တွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဥရောပမှာ MWC ပွဲနဲ့အတူ မိတ်ဆက်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲဖျက်လိုက်ရပြီးနောက် အခုလို စောစောစီးစီး မိတ်ဆက်ဖြစ်တာပါ။ Mi 10 မှာ on-board storage အနေနဲ့ 256GB အထိပဲ ပါပေမယ့် Pro မော်ဒယ်မှာ 512GB အထိ သုံးလာပါတယ်။

အားသွင်းစနစ်ပိုင်းမှာ Xiaomi Mi 10 ဟာ 30W Charging လာပြီး Mi 10 Pro မှာ 50W fast wired charging အထိ ပံ့ပိုးထားပါတယ်။ ဘက်ထရီမှာတော့ Xiaomi Mi 10 ဟာ 4780 mAh နဲ့ လာပြီး Mi 10 Pro မှာတော့ နည်းနည်းလေး ပါဝါသေးတဲ့ 4500mAh ဘက်ထရီ သုံးသွားပါတယ်။ ကင်မရာ လေးလုံးသုံးတာချင်း တူပေမယ့် ဖုန်းနှစ်လုံးမှာ မတူတဲ့ ကင်မရာ Sensor အတွဲအစပ်လေးနဲ့ လာပါတယ်။


Photo: GSMArena


Mi 10 Pro ဟာ Optical ဖမ်းရာမှာ ပိုငြိမ်စေမယ့် 8P lens ပါ 108MP ကင်မရာ သုံးထားပြီး OIS နဲ့ EIS ရုပ်ငြိမ်စနစ်တွေအပြင် 8K resolution ဗွီဒီယိုတွေပါ ရိုက်ကူးစေနိုင်မှာပါ။ ဒီဖုန်းမှာ portrait အတွက် 12MP ကင်မရာ ၊ 10x hybrid zoom အတွက် 8MP telel lens နဲ့ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးစေနိုင်မယ့် 20MP ultra-wide ကင်မရာတွေလည်း ပါရှိပြီး Xiaomi Mi 10 မှာတော့ 7P lens ပါ 108MP ကင်မရာ ၊ 13MP ultra-wide ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီး သုံးသွားပါတယ်။

တရုတ်ဈေးကွက်မှာပဲ အရင်ဆုံး ဖြန့်ချိသွားမှာပါ။ Xiaomi Mi 10 ဟာ အပြာ ၊ အနက် နဲ့ မက်မွန်ရွှေရောင်တွေနဲ့ လာပြီး ၃၉၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ၃ သောင်းကျော်) ကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စတင်ရောင်းချသွားမယ့် Xiaomi Mi 10 Pro ကတော့ အပြာနဲ့ အဖြူ နှစ်ရောင်တည်းနဲ့ လာပြီး ၄၉၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခွဲနီးပါးဈေး) နဲ့ စတင် ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က