90Hz Waterfall display နဲ့ လာပါတယ်

mid-range ဖုန်းတွေ အထုတ်များတဲ့ Motorola ဟာ ပရီမီယံစမတ်ဖုန်းဈေးကွက်ကို ထိုးဖောက်နိုင်မယ့် Flagship ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Motorola ကနေ အသစ်ထုတ်လိုက်တဲ့ Edge Plus ဟာ နောက်ဆုံးထွက် High-end spes တွေနဲ့ လာတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Motorola Brand အနေနဲ့ ပထမဆုံးဆိုတဲ့ Features တွေ ပါဝင်လာပါတယ်။ Motorola Edge+ ဟာ ဘေးဘောင် ၉၀ ဒီဂရီကွေးညွှတ်ထားတဲ့ Endeless Edge display စတိုင် သုံးထားတာပါ။




Photo: arstechnica

Edge ဘောင်ကွေးပုံစံမကြိုက်သူတွေအနေနဲ့ Settings ထဲကနေ Edge ကို ဘယ် app မှာ သုံးမယ် ၊ ဘယ် app မှာ မသုံးဘူးဆိုတာ ရွေးချယ်နိုင်ပါတယ်။ AMOLED screen ဟာ 21:9 ratio နဲ့ လာပြီးMotorola ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 90Hz refresh rate ပါရှိပါတယ်။ မျက်နှာပြင်အရွယ်အစားဟာ ၆.၇ လက်မရှိပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာ သုံးထားပါတယ်။

ဖုန်း display ဘယ်ဘက်အပေါ်ထောင့်မှာ punch-hole ကင်မရာပေါက် ပါရှိပြီး 25MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲကင်မရာ ပါရှိပြီး 108MP main sensor နဲ့ လာပါတယ်။ Xiaomi Mi Mix Alpha အတိုင်း 27MP ဓါတ်ပုံတွေ ထုတ်နိုင်တဲ့ 4-in-1 pixel binning နည်းပညာ သုံးထားတာပါ။

Motorola Edge+ မှာ သုံးတဲ့ ဒီကင်မရာဟာ တစ်ခြားဖုန်းတွေမှာ သုံးတဲ့ 12MP sensor ထက် ၃ ဆနီးပါး ပိုကြီးပြီး တောက်ပမှု ပိုမြင့်လာပြီး image noise ပိုလျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ 108MP ကင်မရာနဲ့အတူ 16MP ultra-wide/macro ကင်မရာ ၊ 8MP telephoto ကင်မရာတို့ အပြင် Time of Flight (ToF) cam တစ်ခုလည်း သုံးထားပါတယ်။

၂၀၂၀ ထုတ် flagship ဖုန်းဖြစ်တဲ့အတိုင်း Motorola Edge+ ဟာ Snapdragon 865 SoC သုံးထားပြီး mmWave 5G support ပေးထားပါတယ်။ Motorola Edge+ ဟာ sub-6 နဲ့ mmWave ကို တစ်စက္ကန့် 5Gbit အထိ ထောက်ပံ့ပေးနိုင်တဲ့ ဖုန်းပါ။ ပိုမိုမြန်ဆန်တဲ့ LPDDR5 RAM 12GB ၊ 128GB UFS 3.0 storage အထိလည်း ထုတ်ထားပါတယ်။





အကြီးစား ဧရာမဘက်ထရီပါဝါ ဖြစ်တဲ့ 5000 mAh ဟာ 18W fast charging နဲ့ လာပါတယ်။ wireless/reverse Wireless charging ကိုလည်း 15W နဲ့ 5W support ပေးထားပါတယ်။ ကိုယ်ထည်ဟာ ရေစို/ဖုန်တင်ဒဏ်ကို အမြင့်ဆုံး ခံနိုင်တဲ့ IP68 rating ပါရှိပြီး 3.5mm headphone jack လည်း ထည့်ပေးထားပါတယ်။

Motorola Edge+ ကို မေလ ၁၄ ရက်နေ့ အမေရိကန်နိုင်ငံ Verizon ကနေ သီးသန့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၄ သိန်းခွဲခန့်) ရှိပြီး Global Version ကတော့ ၁၁၉၉ ယူရို (မြန်မာငွေ ၁၈ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က