မြန်မာ‌ငွေ ၂၁ သိန်းခွဲကျော်မှာပါ

ကင်မရာစွမ်းဆောင်ရည်မြင့် flagship ဖုန်းစီးရီး Huawei P40 ဟာ ဒီနှစ်မှာ မော်ဒယ် ၃ မျိုးနဲ့ မိတ်ဆက်သွားပါတယ်။

Huawei ဟာ Huawei P40 ၊ P40 Pro နဲ့ P40 Pro Plus ဆိုပြီး ဖုန်းသစ်သုံးမျိုးကို YouTube ကနေ Livestream နဲ့ ကြေညာသွားတာပါ။ P series ဖြစ်တဲ့အတိုင်း ကင်မရာက အဓိကဖြစ်ပြီး Hardware ပိုင်းနဲ့ ဖုန်းဘက်ထရီ စွမ်းဆောင်ရည်မှာလည်း ပရီမီယံကျပါတယ်။



Photo: Time24 News


Huawei P40 lineup မှာ ကင်မရာအများဆုံးက P40 Pro Plus ဖြစ်ပြီး ကျောဘက် ကင်မရာ ၅ လုံး ရှိပါတယ်။ ကျန်တဲ့ P40 နဲ့ P40 Pro တို့ကတော့ ကျောဘက်ကင်မရာ ၃ လုံးနဲ့ ၄ လုံးစီ သုံးထားတာပါ။ ဖုန်းအားလုံးမှာ အလင်းအားနည်းချိန် ပုံထွက်ကောင်းဖို့အတွက် အကြီးစား sensor ပါ 50MP zoom lens ထည့်ထားပြီး P40 Pro Plus ပိုစိတ်ဝင်စားစရာ feature လေးတွေ ပါဝင်လာပါတယ်။

Huawei P40 Pro Plus ဟာ ပရီမီယံ Ceramic Body နဲ့ လာပြီး အရောင်ကိုလည်း Ceramic Black နဲ့ Ceramic White နှစ်ရောင် သုံးထားပါတယ်။ ကိုယ်ထည်မှာ သုံးထားတဲ့ ကြွေမှုန့်ကို nanotech နည်းပညာသုံးပြီး ဖိုမှာ ၁၅၀၀ ဒီဂရီအပူချိန်နဲ့ ၅ ရက်ကြာ ဖိသိပ်မှုလုပ်ပါတယ်။ ဒါကြောင့် နီလာလိုမာပြီး စိန်လို တောက်လာတယ်လို့ ဆိုပါတယ်။

ရေစိုခြင်းနဲ့ ဖုန်တင်တဲ့ ဒဏ်ကို IP68 rating ခံနိုင်ရည်ရှိပြီး screen အရွယ်အစားဟာ Huawei P40 Pro အတိုင်း ၆.၅၈ လက်မ (2640 x 1200p) ရှိပါတယ်။ နောက်တစ်ခုက P40 Pro လိုပဲ 90Hz screen refresh rate ပါရှိပါတယ်။ မှန်ပြင်ဟာ အနားလေးဖက်စလုံး ချထားတဲ့ Overflow Display နဲ့ လာပြီး dual-punch hole screen အမျိုးအစား သုံးထားပါတယ်။

Huawei P40 Pro နဲ့ P40 Pro Plus တို့ဟာ IR Face Unlock လုပ်ဆောင်ချက် ပါရှိပါတယ်။ IR sensor ဟာ Attention Aware feature နဲ့ Smart Gesture တို့ သုံးထားလို့ screen ကို လေထဲမှာ scroll လုပ်ပြီး သုံးနိုင်မှာပါ။ screen ရဲ့ အောက်မှာ ၃၀% ပိုကြီးပြီး ၃၀% ပိုမြန်တဲ့ fingerprint sensor သုံးသွားမယ်လို့ ဆိုပါတယ်။ 

Huawei P40 Pro Plus ဟာ Huawei P series တွေထဲမှာ ပထမဆုံး ကင်မရာ ၅ လုံး သုံးထားတဲ့ ဖုန်းပါ။ ကင်မရာကို ကျောဘက်မှာ ထောင်လိုက် စတုဂံပုံစံနဲ့ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ကျောဘက်မှာ 40MP Ultrawide Cine Lens ၊ OIS ရုပ်ငြိမ်စနစ်ပါ 50MP RYYB sensor ၊ OIS ပါ Super Periscope Tele နဲ့ 10x Optical zoom ဆွဲရိုက်နိုင်တဲ့ 8MP ကင်မရာနဲ့ OIS ပါ 8MP Optical Periscope ကင်မရာ နဲ့ ToF Depth sensor ဆိုပြီး အမိုက်စား ကင်မရာအတွဲအစပ် သုံးထားပါတယ်။




ကင်မရာ feature တွေကို ကြည့်ရုံနဲ့ Huawei P40 Pro Plus ဟာ 10x optical zoom ဆွဲရိုက်နိုင်တဲ့ Super Periscope ကင်မရာကို ပထမဆုံးသုံးလာတဲ့ ဖုန်းဆိုတာ သိနိုင်ပါတယ်။ Huawei P40 Pro မှာ ဒီ Super Periscope ကင်မရာစနစ်ကလွဲရင် ကျန်တဲ့ ကင်မရာ features တွေက အတူတူပါပဲ။

Huawei P40 Pro Plus ဟာ ဗွီဒီယိုရိုက်ကူးမှုမှာလည်း အဆင့်မြှင့်တင်ထားပါတယ်။ ရုပ်သံရိုက်ကူးမှုပိုင်းအတွက် OIS နဲ့ AIS ရုပ်ငြိမ်စနစ်တွေ ထည့်သွင်းထားပြီး အမှောင်မှာ ရိုက်ကူးမှုအတွက် ISO ကို 51200 တင်နိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 4K Time Lapse နဲ့ 7680p slow-mo ဗွီဒီယိုတွေလည်း ရိုက်ကူးနိုင်မှာပါ။

ရှေ့ဘက်မှာတော့ Huawei P40 Pro နဲ့ P40 Pro Plus တို့ဟာ 32MP selfie နဲ့ IR depth sensor တို့ သုံးထားပါတယ်။ ရှေ့ ဆယ်လ်ဖီကင်မရာဟာလည်း AutoFocus စနစ်ပါပြီး 4K Selfie Video တွေ ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ Huawei ဖုန်းသစ်တွေဟာ 2600Mbps နှုန်းနဲ့ အချက်အလက်ပေးပို့နိုင်မယ့် WiFi 6 Plus နည်းပညာပံ့ပိုးထားပါတယ်။

Android 10 ကို အခြေခံထားတဲ့ EMUI 10.1 နဲ့ လာပါတယ်။ Google services အစား Huawei ရဲ့ ကိုယ်ပိုင် AppGallery App Store ပါ Huawei Mobile Services သုံးထားပါတယ်။ ဘက်ထရီပါဝါ 4200mAh ဟာ 40W Wired charging နဲ့ 40W Wireless charging တွေ ပံ့ပိုးထားသလို Reverse Wireless Charging စနစ်လည်း ပါရှိပါတယ်။

Photo:somagnews


Huawei P40 Pro နဲ့ Pro Plus တို့ဟာ စွမ်းဆောင်ရည် မြှင့်ထားတဲ့ NPU (Neural Processing Unit) သစ်ပါတဲ့ Kirin 990 5G Processor နဲ့ လာပါတယ်။ SA နဲ့ NSA 5G ကွန်ရက်နှစ်မျိုးလုံး ပံ့ပိုးထားတဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။ ဖုန်းကို Heavy Load ခိုင်းချိန်မှာ အပူမလွန်ကဲစေဖို့ 4-Layer VC Liquid Cooling စနစ်လည်း ထည့်ထားပါတယ်။

Huawei P40 Pro ဟာ RAM 8GB/256GB storage အတွက် ၉၉၉ ယူရို (မြန်မာငွေ ၁၅ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး RAM 8GB/512GB storage ဗားရှင်း Huawei P40 Pro Plus ကတော့ ၁၃၉၉ ယူရို (မြန်မာငွေ ၂၁ သိန်းခွဲ) အထိ ကျသင့်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က