Edition နှစ်မျိုးနဲ့ထွက်ထားတာပါ

OPPO ကတော့ Reno နာမည်နဲ့flagship brand သစ်ကို ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။

         OPPO Reno ဟာ ကြိုပြီး သတင်းထွက်ထားခဲ့တဲ့ အတိုင်း ထူးခြားတဲ့ pop-up ဆယ်လ်ဖီကင်မရာ ဒီဇိုင်း သစ်နဲ့notchless screnn သုံးထားတာ တွေ့ရပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၆ လက်မရှိတဲ့ ဒီဖုန်းဟာ မှန်ပြင်နဲ့ကိုယ်ထည်အချိုးအစားမှာ ၉၃.၁% ထိ ရှိပြီး bezel ကလည်း မြင်နေကျ ဖုန်းတွေထက် ပိုပါးလာပါတယ်။ screen အနေနဲ့ OPPO Reno ဟာ အလင်းဖြာထွက်နိုင်တဲ့ ပစ္စည်းသစ်တစ်မျိုး သုံးထားပြီး စွမ်းအင် သုံးစွဲမှုကို ၈% အထိ လျှော့ချပေးနိုင်မယ်လို့ကုမ္ပဏီက ကြေညာပါတယ်။



Photo: gizchina


         display ရဲ့ အပေါ်မှာတော့ နောက်ဆုံးပေါ် အကြမ်းခံမှန်တစ်မျိုး ဖြစ်တဲ့ Gorilla Glass 6 အုပ်ထားပြီး ဂျာမန်မှ Rheinland ရဲ့ low-light ထောက်ခံချက်ရထားတာကြောင့် ဖုန်းကြာကြာ သုံးလို့မျက်လုံးမထိအောင် ကာကွယ်ပေးနိုင်မှာပါ။ OPPO Reno ဟာ မှန်ပြင်အောက် လက်ဗွေလုံခြုံရေး စနစ်နဲ့လာတဲ့ ဖုန်းဖြစ်ပြီး Standard ဗားရှင်းနဲ့10x zoom ဗားရှင်းဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။

         mid-range tier လို့ဆိုနိုင်တဲ့ Standard Edition ကတော့ ၆.၄ လက်မ FullHD+ AMOLED display နဲ့Snapdragon 710 processor ကိုပဲ သုံးထားတာပါ။ flagship မော်ဒယ် 10x Zoom ဗားရှင်းဟာ Snapdragon 855 SoC နဲ့လာပြီး 5G ကွန်ရက်ချိတ်ဆက်နိုင်ဖို့Qualcomm ရဲ့ Snapdragon X50 modem ကို သုံးထားပါတယ်။ Reno 5G မော်ဒယ်ကတော့ ဇူးရစ်မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။

         ကင်မရာစနစ်အနေနဲ့Sony IMX586 sensor ပါတဲ့ 48MP main camera ကိုမှ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP ultra-wide ကင်မရာနဲ့13MP periscopic zoom ကင်မရာဆိုပြီး ထောင်လိုက် ကင်မရာ ၃ လုံးတွဲနဲ့လာပါတယ်။ ထူးခြားတာက 48MP main ကင်မရာနဲ့13MP တယ်လီကင်မရာတို့ဟာ OIS (Optical Image Stabilization) စနစ်များ ပါဝင်ပြီး 10x zoom Edition မှာဆို hybrid stabilization ပါပြီး 4K video တွေကို 60fps နှုန်းနဲ့ရိုက်ကူးနိုင်မှာပါ။

         ဆယ်လ်ဖီကင်မရာဟာ ထူးခြားတဲ့ pop-up ကင်မရာဒီဇိုင်းကို သုံးထားပြီး motor စနစ်နဲ့ဖုန်းအဖွင့်အပိတ်လုပ်တာကို တစ်နေ့အကြိမ် ၁၀၀ နှုန်းနဲ့၅ နှစ်ကျော်အထိ လုပ်နိုင်မယ်လို့ဆိုပါတယ်။ OPPO ကတော့ ဒီဖုန်းမှာ သုံးထားတဲ့ 16MP pop-up selfie ကင်မရာကို ကာကွယ်ဖို့လွတ်ကျတာကို သိပြီး အလိုအလျောက် ကိုယ်ထည်ထဲ ထည့်ပေးမယ့် fall detection စနစ် ထည့်ထားတယ်လို့ကြေညာထားပါတယ်။

         OPPO Reno ဗားရှင်း ၂ မျိုးစလုံးဟာ VOOC 3.0 fast charging စနစ် သုံးထားပြီး Standard Edition ဟာ 3765 mAh ဘက်ထရီနဲ့10x hybrid optical zoom Edition မှာ 4065 mAh ဘက်ထရီနဲ့လာပါတယ်။ ဒီဖုုန်းနှစ်မျိုးစလုံးဟာ ultra clear night view 2.0 mode ၊ OPPO portrait style ၊ GameBoost 2.0 စနစ် ၊ Dolby panoramic AC-4 နဲ့Hi-Res audio အသံနည်းပညာများ သုံးထားပါတယ်။

Photo: Trusted Reviews

         ဈေးနှုန်းအနေနဲ့Standard Edition (RAM 6GB/128GB storage) ကို ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၇ သောင်းကျော်) ၊ RAM 6GB/256GB storage အတွက် ၃၂၉၉ ယွမ် ( မြန်မာငွေ ၇ သိန်း ၄ သောင်းခန့်) နဲ့RAM 8GB/256GB storage ကို ၃၅၉၉ ယွမ် ( မြန်မာငွေ ၈ သိန်းကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။

         10x Zoom Edition ကတော့ RAM 6GB/128GB မော်ဒယ်ကို ၃၉၉၉ ယွမ်( မြန်မာငွေ ၈ သိန်း ၇ သောင်းခန့်) ၊ RAM 6GB/256GB မော်ဒယ်ကို ၄၄၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခန့်) နဲ့RAM 8GB/256GB မော်ဒယ်ကို ၄၇၉၉ ယွမ် ( မြန်မာငွေ ၁၀ သိန်း ၇ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမှာ ဖြစ်ပြီး အိန္ဒိယ ၊ ဥရောပနဲ့တစ်ခြား ဈေးကွက်တွေထဲ ဝင်မယ့် ရက် မသိသေးပါဘူး။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က