တရုတ်မှာ မိတ်ဆက်သွားတာပါ

အသစ်ထွက်လာတဲ့ iQOO စီးရီးဟာ ဆွဲဆောင်မှုမြင့်မားလှတဲ့ high-end specs တွေအပြည့် သုံးလာပါတယ်။

တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားတဲ့ iQOO 5 series သစ်ဟာ အမြင့်ဆုံး Refresh rate display နဲ့စိတ်ဝင်စားစရာကောင်းတဲ့ ကင်မရာစနစ်တွေနဲ့ ထွက်လာတာပါ။ ဂိမ်းအသားပေး iQOO စီးရီး ဖြစ်လို့ VC Liquid Cooling အအေးပေးစနစ်နဲ့ Ultra Game Mode တွေလည်း ထည့်သွင်းထားပါတယ်။



Photo: 91mobiles


iQOO 5 နဲ့ iQOO 5 Pro တို့ဟာ ၆.၅၆ လက်မ AMOLED display နဲ့ လာပြီး 120Hz refresh rate သုံးထားပါတယ်။ punch-hole screen အမျိုးအစား ဖြစ်ပြီး ရိုးရိုး iQOO 5 ဟာ flat panel နဲ့ Pro မော်ဒယ်မှာ Curved screen မှန်ခုံးနဲ့ လာပါတယ်။ HDR10+ display ဟာ brightness အနေနဲ့ 1300 nits အထိ ပံ့ပိုးထားပြီး under-display fingerprint reader ပါရှိပါတယ်။

punch-hole ရှေ့ကင်မရာပေါက်ထဲမှာ 16MP selfie ကင်မရာ သုံးထားပြီး ကျောဘက် စတုဂံကင်မရာကွက်ထဲမှာ Triple lens ကင်မရာစနစ် နဲ့ လာပါတယ်။ Primary Lens ကင်မရာအနေနဲ့ Samsung GN1 50MP ကင်မရာ ပါရှိပြီး ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 13MP ultrawide lens နဲ့ 13MP periscope telephoto lens တွေ တပ်ဆင်ထားပါတယ်။

iQOO 5 ဟာ EIS ရုပ်ငြိမ်စနစ်ပါပြီး 20x digita zoom ပံ့ပိုးထားပါတယ်။ iQOO 5 Pro ကတော့ OIS ရုပ်ငြိမ်စနစ် ၊ 5x optical zoom ၊ 60x hybrid zoom အပြင် 8K Video recording လည်း ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ iQOO 5 ဟာ 55W charging support ပါ 4500mAh ဘက်ထရီနဲ့ လာပြီး Pro ဗားရှင်းမှာ 120W fast charging ပါတဲ့ 4000mAh ဘက်ထရီ သုံးထားပါတယ်။

Photo: Gizmochina


ဒီဖုန်းနှစ်လုံးဟာ Snapdragon 865 SoC ၊ LPPDDR5 RAM နဲ့ UFS 3.1 storage စနစ်တွေ ပါရှိပါတယ်။ iQOO 5 စီးရီး ဖုန်းသစ်နှစ်မျိုးဟာ dual SIM support ပေးထားပြီး 5G ကွန်ရက်ချိတ်ဆက်နိုင်မှာပါ။ iQOO ဟာ BMW M Motorsport နဲ့လည်း Global Partner ဖြစ်လို့ Track Version ဆိုပြီး Special color ဗားရှင်းလည်း ထွက်ထားပါတယ်။

iQOO 5 (RAM 8GB/128GB storage) ကို ၃၉၉၈ ယွမ် (မြန်မာငွေ ၇ သိန်း ၈‌ သောင်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး အမြင့်ဆုံးမော်ဒယ် RAM 12GB/256GB storage ကို ၄၅၉၈ ယွမ် (မြန်မာငွေ ၉ သိန်းခန့်) ဈေးသတ်မှတ်ထားပါတယ်။ Pro မော်ဒယ် (RAM 8GB/256GB storage ) ဟာ ၄၉၉၈ ယွမ် (မြန်မာငွေ ၉ သိန်း ၈ သောင်းခန့်) နဲ့ RAM 12GB/256GB storage ဗားရှင်းအတွက် ၅၄၉၈ ယွမ် (မြန်မာငွေ ၁၀ သိန်း ၈ သောင်းခန့်) ဈေး ကျသင့်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က