စိတ်လှုပ်ရှားစရာ features တွေနဲ့ တန်ဖိုးသင့်တဲ့ စမတ်ဖုန်း

Realme ထုတ်ကုန်သစ် ၅ မျိုး မိတ်ဆက်သွားတဲ့ mega event မှာ တန်ဖိုးသင့် Realme 8i လည်း ပါဝင်ခဲ့ပါတယ်။

 



           စက်တင်ဘာ ၉ ရက် Realme မိတ်ဆက်ပွဲမှာ Realme 8s 5G ၊ Realme Pad တက်ဘလက် ၊ Realme Cobble Bluetooth စပီကာ ၊ Realme Pocket Bluetooth စပီကာတို့နဲ့အတူ Realme 8i ကို ကြေညာခဲ့တာပါ။ Realme 8i ဟာ ဈေးအားဖြင့် တန်ဖိုးနည်းဖုန်းစာရင်း ဝင်ပေမယ့် သုံးထားတဲ့ features တွေဟာ ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ Realme 8i မှာဆို 120Hz display ၊ Helio G96 chipset နဲ့ 50MP triple ကင်မရာဆိုတဲ့ စိတ်လှုပ်ရှားဖွယ် features တွေ ပါဝင်လာတာပါ။


Photo: gizmochina


           Realme 8i ဟာ မျက်နှာပြင်အရွယ်အစား ၆.၆ လက်မရှိပြီး FHD+ LCD display သုံးထားတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကိုယ်ထည်ဘောင်အချိုး 20:9 aspect ratio နဲ့ လာပြီး screen တောက်ပမှု 600nits အထိ တင်နိုင်မယ်လို့ ဆိုပါတယ်။ ဖုန်း screen ဟာ punch-hole screen အမျိုးအစား ဖြစ်ပြီး ဖုန်းမျက်နှာပြင် ဘယ်အပေါ်ထောင့်မှာ ဆယ်လ်ဖီကင်မရာအတွက် နေရာပေးထားပါတယ်။

           အမြင့်စား refresh rate ဖြစ်တဲ့ 120Hz adaptive refresh rate နဲ့ လာပြီး ဖုန်းလုံခြုံရေးအတွက် ကိုယ်ထည်ဘေးဘောင် Side-Mounted လက်ဗွေစနစ်နဲ့ Face Unlock စနစ်တွေ ပါဝင်ပါတယ်။ Realme 8i ဟာ Helio G96 chipset သုံးထားပြီး LPDDR4x RAM 4GB/6GB ၊ 64GB/128GB ဆိုပြီး ထွက်ထားပါတယ်။ ဆော့ဖ်ဝဲလ်စနစ်အနေနဲ့ Android 11 OS ကို အခြေခံထားတဲ့ Realme Ui 2.0 သုံးထားပါတယ်။

           ကင်မရာအနေနဲ့ 16MP selfie ၊ ကျောဘက် ထောင်လိုက်စတုဂံကင်မရာကွက်အတွင်း 50MP main sensor ၊ 2MP macro lens နဲ့ 2MP depth lens တို့ သုံးလာပါတယ်။ Realme 8i ဟာ USB-C ကနေ 18W charging ပံ့ပိုးထားတဲ့ 5000mAh ဘက်ထရီ နဲ့လာပါတယ်။ 4G ဖုန်းအမျိုးအစားဖြစ်ပြီး dual 4G VoLTE ၊ Bluetooth 5.1 ၊ microSD card slot နဲ့ 3.5mm headphone jack တို့ ပါရှိပါတယ်။


Photo: notebookcheck

           Realme 8i ကို Space Black နဲ့ Space Purple နှစ်ရောင်နဲ့ ထုတ်ထားပြီး RAM 4GB/64GB storage မော်ဒယ်အတွက် ၁၃၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းကျော်) နဲ့ 6GB/128GB ကို ၁၅၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းခွဲကျော်) ဈေးသတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က