Gaming ဖုန်းတွေထဲက ဈေးနှုန်းအသင့်ဆုံး စီးရီးပါ

Xiaomi ရဲ့ Gaming Smartphone စီးရီးတစ်ခု ဖြစ်တဲ့ Black Shark ကနေ တတိယမြောက် ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။

Black Shark 3S မှာ အကြီးဆုံး အပြောင်းအလဲက အရင် 90Hz display ကနေ 120Hz display ကို ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ၆.၆၇ လက်မ AMOLED display ဟာ Black Shark 3 ဖုန်းတွေလိုပဲ 270Hz touch sampling rate သုံးနိုင်မှာပါ။ ဂိမ်းကစားစဉ် Refresh rate အကောင်းဆုံးဖြစ်အောင် ပံ့ပိုးထားပြီး မှန်ပြင်အောက်လက်ဗွေစနစ် ထည့်ထားပါတယ်။



Photo: efreshnews


display ဟာ pessure-sensitive zone နှစ်ခု ပါရှိပြီး မတူညီတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မှာပါ။ဂိမ်းကစားမှု အရသာကို ပိုကောင်းကောင်း ခံစားရစေဖို့ Black Shark ရဲ့ ကိုယ်ပိုင် Game Engine နဲ့ Tencent SolarCore တို့နဲ့လည်း လာပါတယ်။ အသံနဲ့ထိန်းချုပ်နိုင်မယ့် Voice Control 2.0 စနစ်လည်း ပါတာက မိုဘိုင်းဂိမ်မာတွေ အကြိုက်တွေ့စရာပါ။

ဒီဇိုင်းကတော့ Black Shark 3 စီးရီးနဲ့ တစ်ပုံစံတည်း ဖြစ်ပြီး ကျောဘက်မှာ တြိဂံပုံစံ ကင်မရာနဲ့ သံလိုက်အားသွင်း pins လေးတွေ ပါရှိပါတယ်။ ကျောဘက် သံလိုက်အားသွင်း pin နဲ့ ချိတ်ဆက်နိုင်မယ့် Magnetic Adapter ဟာ 18W Charging သွင်းနိုင်မှာ ဖြစ်ပြီး USB-C port ကနေ အားသွင်းမယ်ဆိုရင်တော့ 4729mAh ဘက်ထရီကို 65W နှုန်းနဲ့ အားသွင်းနိုင်မှာပါ။

Black Shark 3S ဟာ Qualcomm Snapdragon 865 chipset သုံးထားပြီး LPDDR5 RAM နဲ့ UFS 3.1 storage နဲ့ လာပါတယ်။ RAM 12GB နဲ့အတူ storage ဗားရှင်း ၃ မျိုးနဲ့ ထွက်ထားပါတယ်။ ကျောဘက်မှာ 64MP wide ၊ 13MP ultrawide နဲ့ 5MP depth sensor ကင်မရာ သုံးလုံးနဲ့ ရှေ့ 20MP selfie ကင်မရာတို့ ပါရှိပါတယ်။

Photo: Xda-Developers


Android 10 ကို အခြေခံထားတဲ့ Joy UI 12 နဲ့ လာပြီး ဂိမ်းကစားမှု record ဖမ်းပြီး တည်းဖြတ်ဖို့ Black Shark Moment 3.0 စနစ်တို့လည်း ထည့်သွင်းထားပါတယ်။ Skyfall Black နဲ့ Crystal Blue ကာလာ ၂ ရောင်နဲ့ လာပြီး 128GB storage ဗားရှင်းကို ယွမ် ၄၀၀၀ (မြန်မာငွေ ၇ သိန်း ၈ သောင်းခန့်) ၊ 256GB storage ကို ၄၃၀၀ ယွမ် (မြန်မာငွေ ၈ သိန်း ၄ သောင်းကျော်) နဲ့ 512GB ဗားရှင်းကို ယွမ် ၄၈၀၀ (မြန်မာငွေ ၉ သိန်း ၄ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က