48MP quad lens နဲ့ လာပါတယ်

Redmi ဟာ တရုတ်နိုင်ငံအတွင်း Redmi K30i 5G နာမည်နဲ့ တန်ဖိုးသင့် 5G စမတ်ဖုန်းသစ် တစ်မျိုး ကြေညာလိုက်ပါတယ်။

Redmi K30i ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက တရားဝင်မိတ်ဆက်ခဲ့တဲ့ Redmi K30 နဲ့ တစ်ပုံစံတည်းဖြစ်ပြီး ကျောဘက် primary lens ပဲ ကွာပါတယ်။ ဒီဇိုင်းနဲ့ သုံးထားတဲ့ Specs မှာလည်း Redmi K30i ဟာ Redmi K30 ပဲ ဖြစ်ပါတယ်။ Redmi K30 လိုပဲ punch-hold dual selfie ကင်မရာ ၊ ကျောဘက် စက်ဝိုင်းပုံကင်မရာ setup နဲ့ လေးလုံးတွဲကင်မရာစနစ် တွေနဲ့ ထွက်ထားပါတယ်။



Photo: themobileindian


မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မ IPS LCD display ဟာ FHD+ resolution ပါရှိပြီး 120Hz refresh rate အမြင့် သုံးထားတာပါ။ screen ကို Gorilla Glass 5 panel အုပ်ထားပြီး display ညာဘက်အပေါ်ထောင့် punch-hold ထဲမှာ 20MP + 2MP နှစ်လုံးတွဲ ဆယ်လ်ဖီကင်မရာများ ထည့်သွင်းထားပါတယ်။ processor ကလည်း Redmi K30 အတိုင်း Snapdragon 765G SoC ဖြစ်ပါတယ်။

LPDDR4X RAM 6GB နဲ့ 128GB UFS 2.1 storage နဲ့လာပါတယ်။ ဘက်ထရီပါဝါ 4500mAh သုံးထားပြီး 30W fast charging ပံ့ပိုးထားပါတယ်။ ကျောဘက်ကင်မရာမှာတော့ 64MP primary lens အစား 48MP Sony lens ကို သုံးထားပြီး 8MP ultrawide sensor ၊ 5MP suprer macro lens နဲ့ 2MP depth sensor တွေနဲ့ တွဲဖက်ထားတာပါ။ ဆော့ဖ်ဝဲလ်ပိုင်းအနေနဲ့ Android 10 OS ကို အခြေခံထားပြီး MIUI 11 နဲ့ လာပါတယ်။

Redmi K30i ဟာ အပြာ ၊ အနီ ၊ ခရမ်းနဲ့ အဖြူ ကာလာတွေနဲ့ ထွက်ထားပြီး JD.com မှာ ၁၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က