iQOO Z1 ရဲ့ တန်ဖိုးနည်း ဗားရှင်းပါ

Gaming အသားပေး ဖုန်းတစ်လုံးဖြစ်တဲ့ iQOO Z1x 5G ကို တရုတ်ဈေးကွက်မှာ ကြေညာသွားပါတယ်။

iQOO Z1x 5G ဟာ တရုတ်နိုင်ငံအတွင်း မိတ်ဆက်လိုက်တဲ့ ဈေးအနည်းဆုံး 5Gg ဖုန်းတွေထဲက တစ်လုံးဖြစ်ပြီး upper mid-ranger တွေမှာ သုံးတဲ့ feature တစ်ချို့ကို သုံးလာပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ဖုန်း screen ဟာ 120Hz refresh rate အထိ ပံ့ပိုးထားတာ ဖြစ်ပြီး ဘက်ထရီပါဝါသုံးစွဲမှု လျှော့ချဖို့ refresh rate ကို အလိုအလျောက် ချိန်ညှိပေးသွားတာ ဖြစ်ပါတယ်။



Photo: GSMArena


မျက်နှာပြင် ၆.၅၇ လက်မဟာ IPS LCD panel အမျိုးအစားဖြစ်ပြီး punch hole ကင်မရာစနစ် နဲ့ လာပါတယ်။ punch hole ထဲမှာ 16MP selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ ထောင်လိုက် စတုဂံပုံစံ ကင်မရာကွက် သုံးထားတာပါ။ Snapdrgon 765G Processor သုံးထားပြီး dual-mode 5G စနစ်ပံ့ပိုးထားပါတယ်။ 

‌ဖုန်းဘေးဘောင်မှာ fingerprint scanner တပ်ဆင်ထားပြီး မိုဘိုင်းဂိမ်းကစားသူတွေအတွက် performance ပိုကောင်းအောင် Multi-Turbo 2.5 engine ထည့်ပေးထားပါတယ်။ တစ်ခြားဂိမ်းစနစ်အနေနဲ့ iQOO Gaming Mode ၊ Game Space 3.4 ၊ High Frame Rate Game Zoom နဲ့ 4D Game Shock 2.0 တို့ ပါဝင်ပါတယ်။

Photo: gizchina


ကျောဘက်စတုဂံကင်မရာကွက်ထဲမှာ 48MP main sensor ၊ 2MP macro lens နဲ့ 2MP ကင်မရာတို့ ပါဝင်ပြီး portrait mode, night view, panorama, time-lapse နဲ့ 4K video recording စနစ်တွေ ထည့်သွင်းထားပါတယ်။ ဘက်ထရီပါဝါဟာ 5000 mAh ဖြစ်ပြီး 33W fast charging ပံ့ပိုးပေးထားပါတယ်။ 

iQOO Z1x 5G ကို ပင်လယ်ပြာရောင် ၊ အနက်ပြောင်နဲ့ အဖြူရောင်အကြည်သား ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ RAM 6GB / 64GB storage ကို ၁၅၉၈ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး အမြင့်ဆုံးမော်ဒယ် RAM 8GB/256GB storage ဗားရှင်းကိုတော့ ၂၂၉၈ ယွမ် (မြန်မာငွေ ၄ သိန်းခွဲခန့်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က