Quad lens သုံးထားတာပါ

ဖက်ရှင်ကျတဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဒီဇိုင်းနဲ့ တန်ဖိုးသင့် mid-range 5G ဖုန်းတစ်လုံးကို Realme က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Realme X50m ဟာ တရုတ်ဈေးကွက်ထဲမှာ စတင်မိတ်ဆက်လိုက်တဲ့ အလတ်တန်းစားဖုန်း ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေထဲမှာ‌ ကြေညာသွားတဲ့ Realme X50 series ရဲ့ တတိယမြောက်ဖုန်း ဖြစ်ပါတယ်။ Realme X50m ဟာ စိတ်လှုပ်ရှားစရာ features တွေ ပါဝင်လာတဲ့ ဖုန်းတစ်လုံး အဖြစ် မိတ်ဆက်လာတာပါ။



Photo: mysmartprice


မျက်နှာပြင် ၆.၅၇ လက်မရှိတဲ့ Realme X50m ဟာ IPS LCD display သုံးထားပေမယ့် ထူးခြားတာက 120Hz refresh rate အမြင့်နဲ့ လာတာ ဖြစ်ပါတယ်။ flagship ဖုန်းတစ်ချို့မှာ မြင်ရတဲ့ ဒီ feature ကို Realme X50m လို mid-range မော်ဒယ်မှာတွေ့ရတာ ချီးကျူးရမယ့်အချက် ဖြစ်ပါတယ်။ dual punch hole ဒီဇိုင်းကို သုံးထားပြီး Screen-To-Body အချိုးဟာ ၉၀.၄% အထိ ရှိပါတယ်။

ဖုန်းကိုယ်ထည်ဘေးဘောင်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပြီး ကျောဘက်မှာ ထောင်လိုက် ၄ လုံးတွဲ ကင်မရာ ပါရှိပါတယ်။ punch hole ကင်မရာပေါက်ထဲမှာ 16MP wide-lens နဲ့ 2MP depth sensor တပ်ဆင်ထားလို့ ဆယ်လ်ဖီချစ်သူတွေ အကြိုက်တွေ့မှာပါ။ ကျောဘက်မှာ 48MP main sensor ၊ ၁၁၉ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP wide lens ၊ 2MP macro lens နဲ့ 2MP monochrome ကင်မရာတို့ ပါရှိပါတယ်။

‌ကျောဘက်ကင်မရာတွေဟာ 4K ဗွီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ကင်မရာကတော့ 1080p ဗွီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးမှု လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ Realme X50m ဟာ 4200mAh ဘက်ထရီပါဝါသုံးထားပြီး မိနစ် ၃၀ အတွင်း ဘက်ထရီပါဝါ ၇၀% အထိ အားဝင်မယ့် 30W Dart charging နည်းပညာ သုံးထားပါတယ်။



base version အနေနဲ့ RAM 6GB/128GB storage နဲ့ ထွက်ထားပြီး RAM 8GB/128GB storage မော်ဒယ်လည်း ဝယ်ယူနိုင်မှာပါ။ Realme X50m ဟာ 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ Snapdragon 765G processor နဲ့ လာပါတယ်။ 3.5mm headphone jack တော့ မပါရှိပါဘူး။ အရောင်အနေနဲ့ Starry Blue နဲ့ Galaxy White ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။

ဈေးနှုန်းအနေနဲ့ RAM 6GB မော်ဒယ်ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) နဲ့ RAM 8GB မော်ဒယ်အတွက် ၂၂၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က