mid-range ဈေးနဲ့ ထွက်ထားတာပါ

Realme ဟာ အိန္ဒိယဈေးကွက်မှာ X3 series ဖုန်းသစ်တွေ မိတ်ဆက်သွားပါတယ်။

အွန်လိုင်းပွဲအနေနဲ့ ကျင်းပခဲ့တဲ့ Realme X3 မိတ်ဆက်ပွဲမှာ Realme X3 နဲ့ Realme X3 SuperZoom ဆိုပြီး မော်ဒယ်နှစ်မျိုး ပါရှိပါတယ်။ Realme X3 Super Zoom ဗားရှင်းကတော့ ပြီးခဲ့တဲ့ မေလထဲကပဲ ဥရောပဈေးကွက်မျာ ဖြန့်ချိထားတဲ့ မော်ဒယ်ဖြစ်ပါတယ်။ ရိုးရိုးမော်ဒယ် Realme X3 မှာ periscope ကင်မရာအစား 12MP telephoto ကင်မရာနဲ့ ထွက်လာပါတယ်။ ဒီဇိုင်းချင်း တစ်ပုံစံတည်းဖြစ်ပြီး Dual Punch-hole ကင်မရာစနစ် သုံးထားပါတယ်။




Photo: indiatvnews

Realme X3 ဟာ 120Hz refresh rate ပါတဲ့ ၆.၆ လက်မ FHD+ LCD display ပါရှိပြီး ဖုန်းညာဘက်ဘေးဘောင်မှာ လက်ဗွေဖတ်စနစ် ထည့်သွင်းထားပါတယ်။ dual punch-hole ထဲမှာ 16MP primary sensor နဲ့ 8MP ultrawide ကင်မရာဆိုပြီး နှစ်လုံးတွဲကင်မရာ ပါရှိပါတယ်။ Realme ရဲ့ high-end ဖုန်းဖြစ်ပြီး processor ကိုတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထွက်ထားတဲ့ Qualcomm ရဲ့ flagship processor ဖြစ်တဲ့ Snapdrgon 855+ SoC သုံးထားပါတယ်။

RAM 6GB နဲ့ 8GB နှစ်မျိုးနဲ့လာပြီး 128GB UFS 3.0 storage ပါရှိပါတယ်။ Android 10 ကို အခြေခံထားတဲ့ Realme UI သုံးထားပါတယ်။ Realme X3 မှာ 30W fast charging အားသွင်းစနစ် ပံ့ပိုးထားတဲ့ 4200mAh ဘက်ထရီနဲ့ လာပါတယ်။ ကျောဘက်မှာ 64MP main ကင်မရာ ၊ 8MP ultra-wide ကင်မရာ ၊ 2MP Macro ကင်မရာနဲ့ 2x optical zoom ဆွဲနိုင်မယ့် 12MP tele ဆိုပြီး Quad Lens နဲ့ ထွက်ထားပါတယ်။

Realme X3 ကို အပြာနဲ့ အဖြူကာလာ ၂ ရောင်နဲ့ ဝယ်နိုင်ပြီး RAM 6GB/128GB storage ကို ၂၄၉၉၉ ရူပီး (မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) နဲ့ RAM 8GB/128GB storage ဗားရှင်းကို ၂၅၉၉၉ ရူပီး (မြန်မာငွေ ၄ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က