wireless charging ရတဲ့ ဖုန်းပါ

ဂျပန်စမတ်ဖုန်း brand တစ်ခု ဖြစ်တဲ့ Sharp ကတော့ high-end ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


         Sharp ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကမ္ဘာ့ပထမဆုံး dual-notch display သုံးထားတဲ့ Aquos R2 Compact ကို မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီပါ။ ဒီတစ်ခါမှာတော့ 120Hz refresh rate ပါပြီး resolution အမြင့်စား သုံးလာတဲ့ Aquos R3 နဲ့ပွဲထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပုံမှန် စမတ်ဖုန်း screen စံနှုန်းဟာ 60Hz ပဲ ရှိပြီး 120Hz screen ကို Razer Phone မှာ ပထမဆုံး သုံးထားခဲ့တာပါ။



Photo: Andro4all

         Aquos R3 ဟာ မျက်နှာပြင် ၆.၂ လက်မ Pro IGZO panel နဲ့လာပြီး 3120 x 1440 pixel ရုပ်ထွက်ပါရှိပါတယ်။ display ပေါ်ဘက်မှာ waterdrop စတိုင် notch နဲ့အောက်ခြေမှာ iPhone X notch စတိုင် ခပ်သေးသေး notch တစ်ခု ပါရှိပါတယ်။ Sharp ဟာ notch screen ဖုန်းတွေ ခေတ်မစားခင်ကတည်းက notch ဒီဇိုင်းတွေ သုံးလာခဲ့တာပါ။

         Aquos R3 ရဲ့ အောက်ဘက်မှာ သုံးထားတဲ့ notch ဟာ ရှေ့ခြမ်း စတီရီယိုစပီကာအတွက် နေရာဖြစ်ပြီး အပေါ်ဘက်မှာလည်း စပီကာတစ်ခု သုံးထားပါတယ်။ အောက်ဘက်က notch ဟာ home button ဖြစ်ပြီး fingerprint scanner လည်း သုံးနိုင်ပါတယ်။ အသံနည်းပညာကတော့ Dolby Atomos ပတ်ပတ်လည် အသံနည်းပညာပါ။ ဘက်ထရီပါဝါကတော့ 3200 mAh ဘက်ထရီ ဖြစ်ပြီး 11W wireless charging စနစ် ပါဝင်ထားပါတယ်။



         flagship ဖုန်းဖြစ်တဲ့ အတိုင်း Aquos R3 ဟာ Snapdragon 855 SoC နဲ့လာပြီး RAM 6GB/128GB storage သုံးထားပါတယ်။ ကင်မရာပိုင်းမှာ ကျောဘက် ထောင်လိုက် dual camera တွေ ဖြစ်တဲ့ 12.2MP ကင်မရာနဲ့၁၂၅ ဒီဂရီ 20MP မြင်ကွင်းကျယ် ကင်မရာတွေ သုံးထားပြီး ရှေ့ဘက်မှာ 16.3MP ကင်မရာ ပါရှိပါတယ်။ ကျောဘက် ကင်မရာတွေဟာ AI Live Story နဲ့AI Live Shutter တို့လို AI အခြေပြု ကင်မရာ features တွေ သုံးနိုင်မယ်လို့ဆိုပါတယ်။

         လောလောဆယ်မှာတော့ Aquos R3 ရဲ့ ဈေးနှုန်းနဲ့ဖြန့်ချိမယ့်ရက် မပြောသေးပါဘူး။

      


ဆက်စပ်အကြောင်းအရာများ



က္က