မြန်မာ‌ငွေ သိန်း ၅၀ ‌ကျော်ဈေးနဲ့ ‌ေရောင်းချသွားမှာပါ

Huawei ဟာ ကုမ္ပဏီရဲ့ ပထမဆုံး OLED display သုံး Vision X65 စမတ်တီဗွီကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

မျက်နှာပြင် ၆၅ လက်မအရွယ် Huawei Vision X65 ဟာ 120Hz refresh rate ပါရှိပြီး HDR support ပေးထားပါတယ်။ တောက်ပမှုအနေနဲ့ 1000 nits အထိ ရှိပြီး မျက်စိထိခိုက်မှုမဖြစ်စေတဲ့ TUV Rheinland ထောက်ခံချက် ရထားတဲ့ ကမ္ဘာ့အကြီးဆုံး display ဖြစ်တယ်လို့ Huawei ကုမ္ပဏီက ဆိုပါတယ်။ 



Photo: Huawei Central


Huawei Vision X65 ဟာ 75W output ထွက်တဲ့ စပီကာ ၁၄ လုံး သုံးထားပြီး display ကိုယ်ထည်ကနေ pop-up ထွက်လာမယ့် 24MP wide-angle ရှေ့ကင်မရာ ပါလာပါတယ်။ ဒီကင်မရာဟာ ရုပ်သံဗွီဒီယိုဖုန်းခေါ်ဆိုမှုတွေ လုပ်ဖို့အတွက် သုံးနိုင်မှာ ဖြစ်ပါတယ်။ Huawei Vision X65 ဟာ သူ့အရင် ထွက်ထားတဲ့ Honor Vision လိုပဲ မျက်နှာနဲ့ ကိုယ်အမူအယာတွေကို ဖတ်နိုင်တဲ့ Huawei ရဲ့ Neural Processing Unit (NPU) သုံးထားပါတယ်။

AI နည်းပညာပံ့ပိုးပေးထားတဲ့ HiSilicon Hi83559C chips သုံးထားတာကြောင့် ဒီကင်မရာဟာ လူရဲ့ အပြုအမူတွေကို မှတ်သားသိရှိနိုင်ပြီး တီဗွီရဲ့ အသံနဲ့ ရုပ်သံ ထိန်ချုပ်မှုကို အမူအယာနဲ့ လုပ်ဆောင်နိုင်မှာပါ။ဒီစမတ်တီဗွီသစ်ဟာ custom Hongu 898 chip သုံးထားပြီး OLED screen ရဲ့ ရုပ်ထွက်အရည်အသွေးကို အကောင်းဆုံးဖြစ်အောင် ထောက်ပံ့သွားမှာပါ။

Huawei OLED TV Vision X65 ဟာ RAM 6GB/128GB storage နဲ့ ထွက်လာပါတယ်။ တရုတ်ဈေးကွက်မှာ ဒီနေ့က စပြီး pre-order လက်ခံနေပြီး ၂၄၉၉၉ ယွမ် (မြန်မာငွေ သိန်း ၅၀ ကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က